၄၆၂။ "ဆက်တိုက်ရိုက်ချက်၊ ပထမပုံစံ-၉"

579 48 0
                                    

၄၆၂။ ဆက်တိုက်ရိုက်ချက်၊ ပထမပုံစံ-၉

ဂျန်ဝုရှီ သူမ၏ ဝိညာဉ်စွမ်းအား ပထမဆုံးအကြိမ် အဆင့်ချိုးဖျက်တက်ရောက်တုန်းက, မိုးပျံနဂါးကို စုပ်ယူခဲ့သည်။ ထိုစဉ် သူမအတွက် အတော် ခက်ခဲခဲ့သည်။ ဂျန်ဝုယောင်းက သူမအတွက် ၎င်းမိုးပျံနဂါးကို ပြင်ဆင်ပေးခဲ့သည်။ အခု သူမဘေးမှာ အမူးသမားကြာပန်းက စောင့်ရှောက်ပေးထားသည်။

ဝိညာဉ်အကျဉ်းထောင်ကို ပိတ်ပြီးနောက် ဂျန်ဝုရှီ အသက်ပြင်းပြင်း ရှူသွင်းသည်။ အရင်တစ်ခါက လုပ်ခဲ့သလို ဝီညာဉ်အကျဉ်းထောင်ကို ထိပ်ဖျားဖက်သို့ လှည့်လိုက်သည်။ သူမမျက်လုံးများကို ပိတ်၍ ဝိညာဉ်အကျဉ်းထောင်မှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားအနှစ်များကို သူမ ခန္ဓာကိုယ်သို့ စုပ်ယူသည်။

သို့သော်လည်း ဒီတစ်ကြိမ် စုပ်ယူခြင်းက အတော် ချောမွေ့၍ သူမအား မသက်မသာ မဖြစ်စေပေ။ ဂျန်ဝုရှီက ငွေရောင်ဝံပုလွေ၏ ဝိညာဉ်စွမ်းအားများကို အကုန်အစင် ဝါးမြိုပြီး သူမတစ်ကိုယ်လုံး စွမ်းအားများ တလိမ့်လိမ့်တက်လာတာကို သူမ ခံစားမိသည်။ ထို့ပြင် ငွေရောင်ဝံပုလွေထံမှ ခါးခါးသီးသီးဖြစ်သော အကြွင်းအကျန်က အံ့ဩဖွယ်ကောင်းအောင် ကျေနပ်အားရစေသည်။

စုပ်ယူခြင်းလုပ်ငန်းစဉ်က ချောမွေ့နေသဖြင့် ဂျန်ဝုရှီအား အနည်းငယ် စိုးရိမ်မိစေသည်။ အဆင့်ငါး လက်စွပ်ဝိညာဉ်က မိုးပျံနဂါးကို မည်သို့မျှ မနှိုင်းယှဉ်နိုင်ဆိုတာကိုတော့ သူမ အနည်းငယ် သိသည်။

ပထမဆုံးအကြိမ် မိုးပျံနဂါးကို သူမ ဝါးမြိုတုန်းက ဂျန်ဝုယောင်းသာ သူမဘေးမှာ မရှိလျှင် မိုးပျံနဂါးကို အပြည့်အဝ ဝါးမြိုဖို့ ဂျန်ဝုရှီအတွက် ဖြစ်နိုင်ဖွယ်မရှိပေ။ အင်အားကြီး မိုးပျံနဂါးကို ဝါးမြိုခြင်း အတွေ့အကြုံ ရှိပြီးသဖြင့် အဆင့်ငါး လက်စွပ်ဝိညာဉ်လောက်ကို ဝါးမြိုခြင်းက သူမအတွက် ပြဿနာမရှိတော့ချေ။

ဂျန်ဝုရှီက ငွေရောင်ဝံပုလွေကို အပြည့်အဝ ဝါးမြိုဖို့ နှစ်နာရီမျှသာ အချိန်ယူရသည်။ ငွေရောင်ဝံပုလွေကို အပြည့်အဝ ဝါးမြိုပြီး‌နောက် ဂျန်ဝုရှီ၏ တစ်ကိုယ်လုံးမှ အဝါရောင် အလင်းတန်းများ ဖြာထွက်လာသည်။ ပေါက်ကွဲထွက်လာသော အဝါရောင် အလင်းတန်းများက သစ်ပင်များ၏ အရွက်များထူထူများကိုပင် လွှမ်းမိုး၍ သွားလေ၏။ ၎င်းအနီးအနားကို အဝါရောင်အလင်းတန်းက တောက်ပ လင်းလက်၍ ပျံ့နှံ့သွားသည်။

ပါရမီရှင်သမားတော်(၂)Wo Geschichten leben. Entdecke jetzt