၉၁၂။ ရှုပ်ထွေးသော အကွက်ချ ကြံစည်မှု(၃)

196 19 0
                                    

၉၁၂။ ရှုပ်ထွေးသော အကွက်ချ ကြံစည်မှု(၃)

ဂျန်ဝုရှီက လေ့ချန်ကို မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။

သူ့ကို လက်စွပ် လွှဲပေးမယ်လို့ ငါ ဘယ်တုန်းက ပြောဖူးလို့လဲ။

လေ့ချန်က လုံးလုံး ခေါင်းရှုပ်သွားပြီး ဂျန်ရှီကို စူးစိုက်ကြည့်မိသည်။

သူ ငါ့ကို သတ်ချင်ရင်, ကောင်းကောင်း ကြိုးစားနိုင်မှ ရမယ်၊ ငါ သေသွားခဲ့ရင်, ငါ့စွမ်းရည် ညံ့ဖျင်းလို့ပဲ၊ ဒီလက်စွပ်က ငါ့ဆရာရဲ့ အမှတ်တရ အကြွင်းအကျန်၊ ဘယ်သူပဲ ငါ့ဆီ လာလာ, ငါ လွှဲပေးမှာ မဟုတ်ဘူး ဂျန်ဝုရှီက လှောင်ပြောင်လျက် ပြောသည်။ သူမ အသက်ဘေး လုံခြုံဖို့ လဲလှယ်သည့်အနေဖြင့် လက်စွပ်ကို လက်လွှတ်ရမည်လော။ သူမ၏ နည်းလမ်း အလုပ်မဖြစ်လျှင်တောင်, ဂျန်ဝုရှီဆိုသည့် သူမက ငကြောက်တစ်ယောက်၏ နည်းလမ်းကို ဘယ်တော့မှ ရွေးချယ်မည် မဟုတ်ပေ။

ဒါဆို, မင်း ဘာမှ မလုပ်ဘဲ သေတာကိုပဲ ထိုင်စောင့်နေမှာလား လေ့ချန်က ဂျန်ရှီအတွက် စိုးရိမ်ပူပန်လာပြီး မေးလိုက်သည်။

ဂျန်ဝုရှီက ပြန်ပြောသည် သူ့ရည်ရွယ်ချက်ကို သိပြီးပြီဆိုတော့, ဘာလု့ ငါက ဒီအတိုင်း ငြိမ်ခံနေရမှာလဲ၊ သူ လက်ဦးမှု ရယူပြီး အရင်ဆုံး လှုပ်ရှားလာခဲ့တယ်၊ ဒီတော့ ငါလည်း ယဉ်ကျေးပြမနေတော့ဘူးပေါ့။

သူမစကားက အေးစက်စက် ဖြစ်သွားသည်။

မီးတိုင်းပြည်၏ အတွင်းရေးကို သူမ စိတ်မဝင်စားပေ။ သူမ၏ စဦး ရည်ရွယ်ချက်က ဘုရင်ကြီးထံမှ မြေပုံကို အရယူရန်သာ ဖြစ်သည်။ သို့သော် အခု, ဘုရင်ကြီး, စတုတ္ထမင်းသား, မိဖုရားနှင့် အမတ်ချုပ်ကြီးတို့က သူမအား သတ်ဖြတ်ဖို့ လုပ်လာကြသည်။ သူတို့က သူမအား ပြဿနာ လာရှာကြသည်။ သူမ လက်တုံ့မပြန်လျှင်, သူတို့ သူမအပေါ် ပြသလာသော စိုးရိမ်ပူပန်မှုအားလုံးအတွက် သူတို့အားလုံးကို အကြီးအကျယ် စိတ်ပျက်သွားအောင် သူမ မလုပ်သင့်ဘူးလော။

မင်း... ဘာလုပ်မှာလဲ လေ့ချန်က ဂျန်ရှီကို မမှိတ်မသုန် ကြည့်လိုက်သည်။

ဂျန်ဝုရှီက လေ့ချန်ကို သူမအနားသို့ လက်ယပ်ခေါ်လိုက်ပြီး နားနား ကပ်ပြောလိုက်သည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora