၄၀၁။ "ဝိညာဉ်ကုစားသူ - ၁"

608 48 1
                                    

၄၀၁။ ဝိညာဉ်ကုစားသူ - ၁

လူတိုင်းက အံ့အားသင့်၍ ပါးစပ်ဟောင်းလောင်း ပွင့်နေသော်လည်း ဂျန်ဝုရှီအား မည်သည့် သက်ရောက်မှုမျှ မရှိချေ။ နောက်တစ်နေ့မနက် စောစောတွင် ဝိညာဉ်ကုစားဌာနသို့ သတင်းပို့ရန် ဂျန်ဝုရှီအား ဖန်ဂျင်က လာရောက် ပြောကြားခြင်း ဖြစ်သည်။ ဖန်ဂျင်က သားရဲဌာနမှ တပည့်တစ်ယောက်သာ ဖြစ်၍ ဝိညာဉ်ကုစားဌာနနှင့် ပတ်သက်၍ များများစားစား သိမထားပေ။

ဂျန်ဝုရှီက ငြိမ်သက်စွာ နားထောင်ပြီးနောက် ဖန်ဂျင်နှင့် လမ်းခွဲထွက်သွားသည်။

သို့သော်ငြား တစ်ညတည်းဖြင့်ပင် ဂျန်ရှီဆိုသော နာမည်က ပျံ့နှံ့သွားပြီး လူတိုင်း ဂျန်ရှီကို ကြားဖူးသွားကြသည်။

ဒါကလည်း ဝိညာဉ်ကုစားဌာနက တပည့်တစ်ယောက်တည်းကိုသာ လက်ခံသောကြောင့် နာမည်ကျော်ကြား ထင်ရှားသွားရခြင်း ဖြစ်သည်။ လူတိုင်း၏ သိချင်စိတ်ကို ဆွဲဆောင်သွားနိုင်သည့် အကြောင်းခြင်းရာလည်း ဖြစ်သည်။ နေရာအနှံ့ ကောလာဟလများ ပျံ့နှံ့သွားပြီး အထင်သေးသည့် အကြည့်များကလည်း စုပြုံလာလို့ ဖြစ်သည်။

လူတိုင်း၏ အကြည့်ကို ဆွဲဆောင်သွားနိုင်ခြင်းက ဂျန်ဝုရှီအတွက် ကောင်းမွန်သည့် ကိစ္စမဟုတ်ပေ။ ဂျန်ဝုရှီက သူ့အိပ်ခန်းသို့ ပြန်လာစဉ် လူတိုင်းက သူမအား စူးစိုက်ကြည့်နေကြသည်။ ၎င်းအကြည့်များက မိတ်ဆွေမဆန်ဘဲ အန္တရာယ်ပေး လိုဟန်များ ပါဝင်နေကြသည်။

နောက်တစ်နေ့ မနက် စောစောတွင် ဂျန်ဝုရှီက ဝိညာဉ်ကုစားဌာနသို့ သတင်းပို့ရန် သွားသည်။

ဝိညာဉ်ကုစားဌာနက လူ အရမ်းနည်းပါးသည်။ သို့သော် ပရိဝုဏ်က အလွန်ကျယ်ပြန့်ပြီး တခြားဌာနနှစ်ခုထက် နိမ့်ကျမှု မရှိချေ။ ကျောင်းတော်က ဝိညာဉ်ကုစားဌာနကို တခြား လူများ ပြည့်ကျပ်နေသည့် ဌာနနှစ်ခုထက် ပိုမို အရေးထားဟန်က သိသာထင်ရှားနေသည်။

ကြီးပြီး မြင့်မားသည့် အဆောက်အဦးအတွင်းတွင် လူအနည်းငယ်လောက် ဟိုဟို ဒီဒီ ပြန့်ကျဲနေတာကို တွေ့မြင်နိုင်သည်။ သူတို့က လေညင်းကျောင်းတော်၏ ဝတ်စုံကို ဝတ်ဆင်ထားကြပြီး သူတို့ ရင်ဘတ်များတွင် ကျောက်စိမ်း တံဆိပ်များကို တပ်ဆင်ထားကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now