၆၃၃။ ချန်လင်းမြို့သို့ နောက်တစ်ခေါက် (၃)
မီးစလေးက လျင်မြန်စွာ စွဲ၍ ငရဲမီးလို တဟုန်းဟုန်း လောင်ကျွမ်းသွားသည်။ တစ်ခဏလေးဖြင့် စုတ်ချာချာ အိမ်လေးကို မီးများ ဝါးမျိုသွားလေ၏။
မုကွိုင်ဖန်က မယုံနိုင်ကြည်စွာ မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ သူ၏ နားခိုရာ အိမ်လေးကို မီးတဟုန်းဟုန်း လောင်ကျွမ်းသွားတာကို တုန်လှုပ်ချောက်ချားစွာ ကြည့်နေမိသည်။
သခင်လေး ဂျန်, မင်း ဘာလုပ်လိုက်တာလဲကွာ မုကွိုင်ဖန်က ဂျန်ဝုရှီအား စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူ့လေသံက ဝမ်းနည်းဟန် ဖြစ်နေသည်။ သို့သော် အပြစ်တင်ဟန်တော့ မပါဝင်ပေ။
ဂျန်ဝုရှီက သူ့အသက်ကို ကယ်တင်ထားခဲ့သည်။ သူ့အသက်ကို ဂျန်ဝုရှီ ယူဆောင်နိုင်ကြောင်း သူ သတ်မှတ်ပြီး ဖြစ်သည်။ ထို့ကြောင့် သူ့အိမ်လေးကို ဂျန်ဝုရှီ မီးရှို့လိုက်သဖြင့် သူ စိတ်မဆိုးပေ။ သို့သော် ဂျန်ဝုရှီ ဘာလုပ်ချင်နေမှန်း မသိ၍ အံ့အားသင့်နေမိသည်။
သူ၏ စုတ်ချာချာ အိမ်လေးက သခင်လေးဂျန်ကို မည်သို့ စော်ကားလိုက်မိသနည်း။
မုကွိုင်ဖန်သာ ဇဝေဇဝါ ဖြစ်နေသည် မဟုတ်ပေ။ ကျောက်ချူတို့သည်ပင် အိမ်လေးအား ရုတ်တရက် မီးလောင်ကျွမ်းသွားတာကို ကြည့်ရင်း တုန်လှုပ်ချောက်ချားသွားကြသည်။
ဘာ့ကြောင့် ရှီလေးက စကားတစ်ခွန်းတည်းဖြင့် ရုတ်တရက် တစ်ယောက်ယောက်၏ အိမ်ကို မီးရှို့လိုက်ရသနည်း။
သို့သော် မည်သူမျှ ဂျန်ဝုရှီအား အပြစ်တင်စကားတစ်ခွန်းတလေကိုပင် မဟကြချေ။ သူတို့အားလုံးက မုကွိုင်ဖန်ကိုသာ ကြည့်လိုက်မိကြသည်။ သူ၏ ဆုံးရှုံးမှုအတွက် သူတို့ ဝမ်းနည်းပေးကြသည်။ မုကွိုင်ဖန်၏ အိမ်ကို မီးရှို့ပစ်ရလောက်အောင် ၎င်းအိမ်က ဂျန်သခင်မလေးကို မည်သို့ အမျက်ဒေါသထွက်စေရသနည်း, မည်သူမျှ မသိကြချေ။
ဂျန်ဝုရှီက မြေပြင်အတိ မီးလောင်သွားတာကို တိတ်ဆိတ်စွာသာ ကြည့်နေသည်။ အိမ်လေးကို လုံးလုံးလျားလျား ဖျက်ဆီးသွားပြီးမှ သူမ ကျေနပ်သွားသည်။ ထို့နောက် ဂျန်ဝုရှီက လှည့်ကြည့်လာသည်။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)