၄၀၄။ ဝိညာဉ်ကုစားသူ - ၄
ရပ်ပါအုံး ဂူလီရှန် စိတ်ထိခိုက်သွားသည်။ စွမ်းအင် အစဉ် ညီမျှခြင်း ပြောင်းလဲခြင်း ဆိုသည့် စကားရပ်တို့ကြောင့် သူ့ခေါင်းက ချာချာလည်သွားရသည်။ ၎င်းစကားရပ်များကို အရင်က သူ ဘယ်တုန်းကမှ မကြားဖူးခဲ့ချေ။ သူ ချွေးများ နစ်နေတာကို တွေ့ရှိလိုက်ရသည်။ သူက ရုတ်တရက် မတ်တပ်ရပ်၍ အဆက်မပြတ် ရှည်ရှည်ဝေးဝေး ရှင်းပြနေသည့် ဂျန်ဝုရှီကို ကြားဖြတ်ဟန့်တားသည်။
သည်ကောင်လေးကို ဆက်လက် စကားပြောခွင့် ပြုထားလျှင်, သူ့ကိုယ်ပိုင် ဝိညာဉ်ကုစားခြင်းပညာရပ်အပေါ် စတင်၍ သူ သံသယဝင်လာမည်ဖြစ်ပြီး အကုန်လုံး မှားနေသလားလို့တောင် စဉ်းစားမိလိမ့်မည် ဖြစ်သည်။
ဘာဖြစ်လို့လဲ ဂျန်ဝုရှီက ဂူလီရှန်ကို ခေါင်းမော့ကြည့်သည်။ သူမက ပုံမှန်အားဖြင့် စကားများများ ပြောတတ်သူ မဟုတ်ပေ။ အထူးပြု ပညာရပ်နယ်ပယ်မှာသာ သူမ စကားပြောလေ့ရှိသူ ဖြစ်သည်။ ၎င်းနယ်ပယ်မှာဆိုလျှင် သူမ စိတ်အား ထက်သန်စွာ စကားပြောမည် ဖြစ်သည်။ ထိုအထူးပြု စကားရပ်များကို ပြောဆိုရာမှာ ဂျန်ဝုရှီအတွက် စကားလုံးများက မကုန်မခန်းနိုင် ဖြစ်နေပုံရသည်။
ငါ တောင်းပန်ပါတယ်, ဒါပေမဲ့ ငါ.... မင်း ပြောနေတာတွေကို ငါ နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ဂူလီရှန်က ထိုစကားများကို ရှက်ရှက်နှင့် ပြောဆိုလိုက်ရခြင်း ဖြစ်သည်။
ဒီနေရာမှာ မည်သူက ဆရာဖြစ်ပြီး မည်သူက တပည့်ဖြစ်သနည်း။
တပည့်လုပ်သူ ပြောဆိုနေသည့် စကားလုံးများက သူ နားလည်နိုင်စွမ်းထက် မည်သို့ ကျော်လွန်နေရသနည်း။
ဂျန်ဝုရှီ၏ အမူအရာက အနည်းငယ် စိတ်ပျက်သွားပုံ ပေါ်လာသည်။
ကျုပ် ပြောနေတဲ့ အရာအားလုံးက ခင်ဗျားရဲ့ ဝိညာဉ်ကုစားခြင်း နည်းစနစ်တွေချည်းပဲလေ။
ခင်ဗျားက တည်ထောင်သူလေ, ဘယ်လိုလုပ် နားမလည်နိုင်ရတာလဲဟူ၍ ဆိုလိုနေသော ဂျန်ဝုရှီ၏ မျက်လုံးများအောက်တွင် ဂူလီရှန်က အတော့်ကို သေးသိမ်သွားသလို ခံစားလိုက်ရသည်။ ထို့ပြင် ဂျန်ဝုရှီ ပြောပြသည့် စကားလုံးများ၏ သဘောသဘာဝကို နားလည်အောင် ကြိုးစားရင်း သူ့စိတ်က ချာချာလည်နေတော့သည်။