၇၄၂။ လက်လေးကို ဖျစ်ညှစ်ခြင်း (၁)

522 48 0
                                    

၇၄၂။ လက်လေးကို ဖျစ်ညှစ်ခြင်း (၁)

နေရာပေါင်းစုံမှ ကျောင်းသားများက နင်ရူကို စူးစူးရဲရဲ ကြည့်လာကြသည်။ သူတို့မျက်လုံးများက အမုန်းမီးဖြင့် လောင်ကျွမ်းနေသည်။ နင်ရူက သူ အနိုင်ရမည်ဟူ၍ တွက်ဆထားတုန်းက ဗြောင်ကျကျ ပြောဆိုခဲ့သည့် စကားများက အခု ရုတ်တရက် ထက်မြိသော ဓားကြီးဖြင့် သူ့ခေါင်းအား ရွယ်မိုးထားသလို ဖြစ်သွားရလေပြီ။

လေညင်းကျောင်းတော်ရှိ လူတိုင်း၏ အသက်ကို အသုံးပြုပြီး စွမ်အားနှင့် အာဏာအတွက် အလဲအလှယ်လုပ်ဖို့ ကြိုးစားခဲ့သော ဒီလူက နောက်ဆုံးတွင် တရားဆုံးဖြတ်မှုကို ရင်ဆိုင်ရမည် ဖြစ်သည်။

ဖန်ဇိုက သူတို့ကို ချက်ချင်း မသတ်ဘဲ ထောင်သွင်း အကျဉ်းချထားလိုက်သည်။ သူက ထိုနှစ်ယောက်အား အစိတ်အပိုင်းပေါင်းများစွာ စိတ်မွှာပစ်ချင်လောက်အောင် မုန်းတီးနေသော်လည်း သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။ သူတို့ကို အပြစ်ပေးရမည့်သူက သူ မဟုတ်ဘဲ ဖန်ဂျင်သာ ဖြစ်သည် မဟုတ်လော။

နင်ရူနှင့် ဂုန်ချန်းလီကို အစောင့်များက ဆွဲခေါ်သွားကြသည်။ ဖန်ဇိုက ဖန်ဂျင်ကို မသိမသာ လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာမှာ စွဲထင်၍ အလွန် ရင်းနှီးကျွမ်းဝင်သော ထိုမျက်နှာက သူ၏ အချစ်ဆုံး အကိုကြီး အစစ်အမှန် မဟုတ်မှန်း သူ့နှလုံးသားထဲမှ သိနေသည်။

လေညင်းကျောင်းတော်၏ သေရေးရှင်ရေး ကိစ္စကို ဖြေရှင်းပြီးသွား၍ လူတိုင်း စိတ်အေးသွားကြရသည်။ သူတို့ စိတ်ပျက်ညှိုးနွှမ်းခြင်းမှန်သမျှကို ဖယ်ထုတ်ပြီးနောက် သူတို့ ဘဝသစ်ကို ရသွားသလို ခံစားကြရသည်။ သူတို့အားလုံးကို ကယ်တင်ပေးခဲ့သော ဂျန်ရှီကို သူတို့အားလုံး နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်မိကြသည်။ အံ့ဩလောက်‌လောင် စွမ်းအားကောင်းသော ဂျန်ဝုယောင်းကိုလည်း သူတို့ နက်နက်နဲနဲ လေးစားသွားကြသည်။

ဂုယင်က အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ နင်ရူနှင့် သူ့လူများကို အကျဉ်းချထားလိုက်သည်။ လေညင်းကျောင်းတော်ကို ထိမှန်လာသည့် ကပ်ဘေးက နောက်ဆုံးတွင် ဖြေရှင်းပြီးသွားလေ၏။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora