၆၁၆။ နောက်ဆုံးတော့ ငါ့ကို သတိရပြီပေါ့-၄
သူ့ချစ်ချစ်လေးက ဒီတလော တကယ်ပင် မအားမလပ် ဖြစ်နေခဲ့သည်။
ဂျန်ဝုယောင်း၏ အကြည့်အောက်တွင် ဟွာယောင်းတို့အုပ်စု သူတို့ခန္ဓာကိုယ်များအား ဝိုင်းပတ်လာသော မမြင်ရသည့် ဖိအားကို ခံစားလိုက်ရသည်။ သူတို့ အသက်ရှူ ကျပ်သွားကြသည်။ သူတို့ ကျောပြင်များ ချက်ချင်းပင် ချွေးများ စိုရွှဲလာကြသည်။
ဒီလူက အလွန် အန္တရာယ်ကြီးမားပေစွ။
အနက်ရောင်မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် စတင်အရှိန်ယူလာပြီး အနက်ရောင်သန့်သန့် မျက်လုံးများအစား ခရမ်းရောင်စစ်စစ် မျက်လုံးများက တဖြည်းဖြည်း ပေါ်ထွက်လာသည်။
ဖပ်....
အဖြူရောင် လက်လေးက ရုတ်တရက် ဂျန်ဝုယောင်း၏ မျက်လုံးများကို ပိတ်ကာလာသည်။
မျက်လုံးတွေ ဂျန်ဝုရှီ၏ အသံက အလွန် နူးညံ့သည်။
ဂျန်ဝုယောင်း တောင့်တင်းသွားသည်။ သူ ရုတ်တရက် ရယ်လိုက်သည်။ သူ့မျက်လုံးများကို ကာထားသော လက်သေးသေးလေးကို သူ အသာအယာ ဖယ်လိုက်သည်။ ထိုမျက်လုံးများမှ အန္တရာယ်အရိပ်အငွေ့များ ပျောက်ကွယ်သွားပြီးနောက် သူက ကျောက်ချူတို့ဘက်သို့ လှည့်ကာ ပြောသည် ဒီတစ်ချိန်လုံး ရှီလေးကို မင်းတို့ ဂရုစိုက်ပေးလို့ ကျေးဇူးတင်တယ်ကွာ။
သူတို့ခန္ဓာကိုယ်များအား ဖိနှိပ်ထားသော အော်ရာက တစ်စွန်းတစ်စ မကျန် ပျောက်ကွယ်သွားသည်။
ကျောက်ချူတို့အုပ်စု အသက်ပြင်းပြင်း ရှူလိုက်ကြရသည်။ အစောပိုင်းလေးတင် သူတို့ အသတ်ခံရတော့မလားလို့ တွေးထင်မိခဲ့ကြသည်။
သူတို့ အသက်များ တဲတဲလေး ကျန်တော့သည့် အချိန်မှာ ဂျန်ဝုရှီ၏ အကိုကြီးက မည်သို့မျှ မရိုးစင်းမှန်း သူတို့ သတိပြုမိသွားကြသည်။
သို့သော် ဘာ့ကြောင့် သူက သူတို့ အသက်များကို နှုတ်ယူချင်ရတာလဲ, သူတို့ ဇဝေဇဝါ ဖြစ်နေကြတုန်းပင်။
ပြင်းထန်လွန်းသော ဖိနှိပ်ချုပ်ခြယ်အားက တစ်ခုခု ဖြစ်မှန်း ဟွာယောင်းတို့ အုပ်စု တကယ်ပင် သတိထားမိကြသည်။ ဂျန်ဝုယောင်း ထုတ်လွှတ်သော ဖိအားက သူတို့ တိမ်ထူတောင်ထွတ်များတွင် တွေ့ခဲ့ရသော မီးမိစ္ဆာနန်းတော်မှ လူနှစ်ယောက်ထက် ပိုမို၍ စွမ်းအားပြင်းထန်ကြောင်း သူတို့ သိလိုက်ကြသည်။