၈၇၅။ မျက်နှာဖြတ်ရိုက်ခြင်း-ကိုးခုမြောက်ပုံစံ(၄)
ဒါပေမဲ့ စိတ်ဝင်စားဖို့ ကောင်းတာက, တစ်ညလေးကျော်သွားတာနဲ့ သူမက ဒဏ်ရာအပြင်းအထန် ပြန်ရပြီး လဲပြိုကျသွားတာပဲ၊ အဲညမှာတင် တစ်ယောက်ယောက်က မရီဒန်ကို ပြန်ပိတ်ဆို့ပစ်တာက လွဲလို့, သူမမှာ ဒီလို အဖြစ်မျိုး ပြန်ဖြစ်လာစရာ အကြောင်းမရှိဘူး။
ကျမ အရမ်း သိချင်နေတာ တစ်ခု ရှိတယ်၊ ပြီးခဲ့တဲ့ ရက်တွေမှာ သမားတော်တွေ အုပ်စုလိုက်ကြီး ချူလင်းယွဲ့ကို ကုသပေးနေခဲ့တယ်၊ နေ့ရော ညရောပေါ့၊ ရှင်တို့အားလုံး အလှည့်ကျတောင် လုပ်ထားကျသေးတာပဲ၊ ဒီတော့ ရှင်တို့တွေထဲက ဘယ်သူက သူမကို လျှို့ဝှက်ပြီး ဒုက္ခပေးလိုက်တာလဲ၊ နန်းတွင်းသမားတော်ကြီး လီက ဒီကိစ္စနဲ့ ပတ်သက်ပြီး အရာရာကို ဖြေရှင်းပြသင့်တယ် မဟုတ်ဘူးလား ဂျန်ဝုရှီက ပြုံးလျက် ပြောသည်။ သူမမျက်လုံးများက တလက်လက်ဖြင့် ရှင်းသန့်နေသည်။
သူမက ပထမအကြိမ် လာတုန်းက ချူလင်းယွဲ့ကို ကုသပေးဖို့ သက်သက်သာ လာခဲ့သည် မဟုတ်ဘဲ လက်သည်တရားခံကို စုံစမ်းလိုသည့် ရည်ရွယ်ချက်ဖြင့်ပါ လာရောက်ခဲ့သည်။ သို့သော် အခု တိကျသော အဖြစ်အပျက်ကိုပါ သူမ ရှင်းရှင်းလင်းလင်း သိလိုက်ရလေပြီ။ သူမက လက်သည်တရားခံကို သူဖော်သည့် ဆေး, သူ့ပြန်တိုက်ဖို့ အခွင့်အရေးကို မည်သို့ လက်လွှတ်နိုင်အံ့နည်း။
ငါ.... ငါ ဒါကို ဘယ်လိုလုပ် သိပါ့မလဲ၊ ညတိုင်း အလှည့်ကျ တစ်ယောက်ချင်းစီ စောင့်နေကြတဲ့ သမားတော်တွေက ဆယ်ယောက်ကျော်တောင် ရှိနေကြတာပဲ၊ လက်သည်တရားခံက ဘယ်သူလဲဆိုတာ ငါ ဘယ်လိုလုပ် သိပါ့မလဲ သမားတော်ကြီး လီက ကိုယ်လွတ်ရုန်းထွက်ရန် ကြိုးစားသည်။
ဒီလိုလား၊ ဒါဆိုလည်း ဒီကိစ္စကို သင့်လျော်သလို စစ်ဆေးဖို့ ခန်းမသခင်ရှုံးကိုပဲ ပြောရတော့မှာပေါ့၊ တရားခံက ဘယ်သူလဲဆိုတာ သိရဖို့ပေါ့ရှင်၊ ချူလင်းယွဲ့ကို တစ်ယောက်ယောက်ရဲ့ သားကောင်လို အတုအယောင်ဖန်တီးပြီး အသုံးချဖို့ ရဲရဲတင်းတင်း ဘယ်သူများ လုပ်တာလဲလို့၊ ချူလင်းယွဲ့က ထောင်ချီသားရဲမြို့တော်ရဲ့ အဆင့်အတန်းမြင့်မားတဲ့ လူတစ်ယောက်၊ သူမရဲ့ အဆင့်အတန်းက မြင့်မားတယ်၊ သာမန်လူတွေနဲ့ ကွဲပြားခြားနားတယ်၊ ထောင်ချီသားရဲမြို့တော်က လူတွေကို ဒေါသဆွပေးဖို့ ချူလင်းယွဲ့အောင် ဒဏ်ရာပေးချင်တာ ဘယ်သူလဲ။