၂၃၆။ “စတုတ္ထရိုက်ချက် - ၄”
အမူးသမားကြာပန်းက တိုက်ပွဲကို ဆာလောင်မွတ်သိပ်စွာ စိတ်နှစ်ပြီး ပျော်ပျော်ကြီး တိုက်ခိုက်နေစဉ်, ဂျန်ဝုရှီ၏ အမိန့်ကို ကြားလိုက်ရပြီး ခဏ်လောက် တုံ့ဆိုင်းသွားသည်။
ကျွမ်းကျင်ပညာရှင်များသည် လောလောဆယ် အမူးသမား ကြာပန်းထံမှ အသက်ရှူခွင့် ရရှိထားကြသည်။ သို့သော် အမူးသမားကြာပန်း၏ ရုတ်တရက် ရပ်တန့်သွားခြင်းက သူတို့၏ နှလုံးသားများကို ပိုမို၍ ကြောက်ရွံ့စေသည်။
‘သူမက မြန်မြန် အဆုံးသတ်ခိုင်းတာလား။’
‘ဒီမွန်းစတားက အားကုန်မသုံးသေးတာလား။’
သည်ကျွမ်းကျင်ပညာရှင်များသည် ချင်းယန်ကလန်ထံမှ ထောက်ပံ့ကူညီမှုကို ရယူလိုသဖြင့် သည်တိုက်ပွဲကို အခွင့်အရေးတစ်ခုအနေဖြင့် ခုန်ဝင်လာခဲ့ကြသည်။ သူတို့က ငယ်ရွယ်ပြီး ခေါင်းမာသည့် လူငယ်များကို သတ်ရမှာသာ ဖြစ်သည်ဟူ၍ မှတ်ထင်ထားခဲ့သည်။ အခုတော့ သူတို့၏ အစောပိုင်း ဆုံးဖြတ်ချက်ကြောင့် လွန်လွန်မင်းမင်း ဝမ်းနည်းသွားကြရလေပြီ။ သို့သော် သူတို့ အလွန် နောက်ကျသွားလေပြီ။
စာချုပ်ဝိညာဉ်နိုးထလာသည်မှ အပြာရောင်စွမ်းအားရှင်အဖြစ်သို့ ရောက်ရှိခဲ့သည့် သူတို့သည် သာမန်ပုံရိပ်များ မဟုတ်ကြချေ။ သူတို့ တစ်ယောက်စီတိုင်းက သူတို့ကိုယ်ပိုင် တိုင်းပြည်များမှာ စိုးမိုးခြယ်လှယ်နိုင်ကြသူများ ဖြစ်ကြသည်။
ချင်းယန်ကလန်၏ ဖိတ်မံခြင်းကို အမြင့်ဆုံးအနေဖြင့် မသတ်မှတ်ထားလျှင်, ယုံကြည်ကိုးစားမထားလျှင်, သူတို့က သည်လို ချီတိုင်းပြည် သေးသေးလေးသို့ ဘယ်တော့မှ လာကြမည် မဟုတ်ပေ။ သူတို့အသက်များက ဒီလို ခရီးမှာ အဆုံးသတ်ရလိမ့်မည်ဟူ၍ မည်သူမျှ ထင်မှတ်မထားကြချေ။
ချီတိုင်းပြည်က ရာစုနှစ်တစ်ခုကျော်သာ ရှိသေးသဖြင့် သက်တမ်းနု တိုင်းပြည်သာ ဖြစ်သည်။ အမျိုးမျိုးသော အင်အားစုများကြားတွင် ပြောပလောက်ဖွယ်ရာ အဆင့်ပင် မရှိချေ။ တိုင်းပြည်ကြီးများက တိုက်ခိုက်သိမ်းပိုက်ဖို့ပင် စိတ်မဝင်စားကြချေ။ တိုင်းပြည်သေးသေးလေးများကလည်း ဒီလောက် ဝေးကွာသည့် တိုင်းပြည်ကို ကျူးကျော်ဖို့ မဖြစ်နိုင်ကြချေ။ အိမ်နီးချင်း တိုင်းပြည်များနှင့်သာ ပြိုင်ဘက် ဖြစ်ကြသည်။ ချီတိုင်းပြည်က သူတို့ တိုင်းပြည်ကို တိုးတက်အောင် လုပ်ဆောင်ဖို့ သည်လို ဖရိုဖရဲ အခြေအနေမှာ မဖြစ်နိုင်သလောက်ပင်။
