၅၆၁။ မိုးကောင်းကင်အဆုံး ချောက်နက်-၈
ဖန်ဇိုက မျက်ခုံးတစ်ဖက်ပင့်၍ ပြောလာသည် ဒါ့ကြောင့်ဆိုရင်, ငါ့ကိုလည်း ထည့်တွက်လိုက်။
မင်း ဆိုလိုတာက...
ဒါပေါ့ ဖန်ဇို ခေါင်းညိတ်ပြပြီး ဂျန်ဝုရှီဘက်သို့ လှည့်ကြည့်၍ မေးသည် ရှီလေး, မင်းက နန်းတော်ဆယ့်နှစ်ခုကြောင့် မိဘမဲ့သွားသူ မဟုတ်ပါဘူး၊ ဘာ့ကြောင့် မင်းက ဒီကိစ္စမှာ ပါဝင်ပတ်သက်ချင်ရတာလဲ။
ဂျန်ဝုရှီက မျက်ခုံးတစ်ဖက် ပင့်၍ ပြန်ပြောသည် အိမ်ပြန်ဖို့။
ဖန်ဇို ခေါင်းရှုပ်သွားသည်။
ဂျန်ဝုရှီက ရုတ်တရက် သူမလက်ကို မြှောက်လိုက်သည်။ သူမလက်ညှိုးရှေ့တွင် မြူတစ်ခု ပေါ်လာသည်။ တဖြည်းဖြည်း ၎င်းမြူက သူမဘေးနားတွင် ပေါင်းစည်းသွားပြီး သေးငယ်သော ပုံရိပ်လေးတစ်ခု ပေါ်ထွက်လာသည်။
ပဲဟ် ဘေးနားတွင် ပျင်းရိပျင်းတွဲ ဝပ်နေသော လော့မဲ့မဲ့က ရုတ်တရက် အသံတစ်ချက်ပေး၍ ပုသဏ္ဌာန်ပေါ်လာစ ဖြစ်သော ပုံရိပ်ကို စူးစိုက်ကြည့်နေသည်။ သူ့မျက်လုံးများက လင်းလက် တောက်ပနေလေ၏။
(အရမ်း.... ကြောက်ဖို့ ကောင်းတာပဲ)
အား... ငါ့ကို မကိုက်နဲ့ ကြာပန်းလေး ပေါ်ပေါ်လာချင်း လော့မဲ့မဲ့က ချက်ချင်း သူ့ကို ခုန်အုပ်၍ သိမ်မွေ့နူးညံ့သော ဝဝကစ်ကစ် ခန္ဓာကိုယ်လေးကို ကြမ်းပြင်ပေါ်မှာ ဖိကပ်ထားလိုက်သည်။ နောက်တစ်ခဏအကြာတွင် သိုးငယ်လေးက ကြာပန်းလေး၏ ခန္ဓာကိုယ်ပေါ်တွင် ဖက်တွယ်ထား၍ ကြာပန်းလေ၏ ဝဝကစ်ကစ် မျက်နှာလေးကို သူ့လျှာဖြင့် အဆက်မပြတ် လျက်နေတော့သည်။
ထိုအခိုက်တွင် ကြာပန်းလေးက ရုတ်တရက် အတိုက်ခိုက် ခံလိုက်ရ၍ မျက်ရည်များ စီးကျလာသည်။
လော့မဲ့မဲ့ထံမှ သူ့အား မက်မက်မောမော ဝါးစားလိုသော အလိုဆန္ဒ ပြင်းပြင်းထန်ထန် ပေါ်ထွက်လာတာကို ကြာပန်းလေး ခံစားမိသွားသည်။
အပင်အမျိုးအစား ဝိညာဉ်များက အပင်စား သတ္တဝါများ၏ အလိုလားဆုံး အမက်မောဆုံးများ ဖြစ်ကြသည်။
