၉၂၃။ ကန့်လန့်ကာ မတင်ခြင်း (၆)

198 16 0
                                    

၉၂၃။ ကန့်လန့်ကာ မတင်ခြင်း (၆)

ဘုရင်ကြီးက ပိုလို့ပင် မျက်မှောင်ကြုတ်သွားသည်။ ဖိဖုရားကြီး, မင်း လေ့ဖန် ခံစားနေရတာကို ကောင်းကောင်း သိသင့်တယ်၊ ဒီနှစ်တွေမှာ သားလေးဖန်ကို မင်း‌ဘေးမှာ ထားပြီး ပြုစု ပျိုးထောင်ပေးခဲ့တယ်၊ သားလေးဖန်ကို မင်း နက်နက်ရှိုင်းရှိုင်း ဂရုစိုက်တာကိုလည်း ငါ တွေ့ခဲ့တယ်၊ ဒါပေမဲ့ ကိစ္စရပ်တွေက ဒီအထိ ဖြစ်လာပြီ၊ မင်းလည်း သမားတော်ကြီးရဲ့ စကားကို ရှင်းရှင်း သိမှာပါ၊ ငါ့သွေးကို မထုတ်ဘူးဆိုရင်, သားလေးဖန်က သူ့အသက်ကို တကယ် ဆုံးရှုံးသွားလိမ့်မယ်။

ဖိဖုရားကြီး၏ မျက်နှာက မျက်ရည်များ ပြည့်နှက်နေသည်။ သို့သော်ငြား သူမက ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေဆဲသာ။

ဘုရင်ကြီးက လေ့ဖန်ကို ကယ်တင်လိုတာ မိဖုရားကြီးအထွက် အထူးအဆန်း အံ့အားသင့်ဖွယ်ရာ မဟုတ်ပေ။ သို့သော် ဘုရင်ကြီး ထိုသို့ လုပ်မှာကို မိဖုရားကြီး ခွင့်မပြုနိုင်ပေ။ လေ့ဖန်က ဘုရင်ကြီး၏ သွေးသားအရင်းဆိုလျှင်, လေ့ဖန်ကို ဘုရင်ကြီး ကယ်တင်ပေးမှာကို အလိုလို သဘောတူခွင့်ပြုမိမှာ ဖြစ်သည်။ သို့သော် တကယ့်အဖြစ်မှန်က လေ့ဖန်က ဘုရင်ကြီး၏ တကယ့်သားအရင်းမဟုတ်ဘူးဆိုတာကို သူမထက် မည်သူမျှ ကောင်းကောင်း မသိထားကြချေ။

ဘုရင်ကြီးက သူ့သွေးကို ထုတ်၍ လေ့ဖန်အား ပေးလိုက်လျှင်, လေ့ဖန်၏ အဆိပ်က ပျက်ပြယ်သွားမည် မဟုတ်ပေ။ ထိုသို့ ဖြစ်လာလျှင် ဘုရင်ကြီးက သံသယများ ဝင်လာလိမ့်မည်။ ဘုရင်ကြီးက သံသယဝင်လာလျှင် လေ့ဖန်၏ နောက်ကွယ်မှ လျှို့ဝှက်ချက်ကို ဘုရင်ကြီးက လျင်မြန်စွာ စုံစမ်း သိရှိသွားလိမ့်မည်။

ထိုသို့ ဖြစ်လာလျှင် လေ့ဖန်ကို မကယ်တင်နိုင်ရုံတင် မကဘဲ, သူတို့အားလုံး ရင်ဆိုင်ရမှာက သေခြင်းသာ ဖြစ်လိမ့်မည်။

ထိုအခြေအနေများကြောင့် မိဖုရားကြီးက လေ့ဖန်ကို ကယ်တင်ဖို့ စိုးရိမ်တကြီး ဖြစ်နေသော်ငြား, ဘုရင်ကြီးကို ရပ်တန့်ခိုင်းပြီး သူ့သွေးကို မထုတ်ဖို့ လုပ်ဆောင်ရမည်ကို သူမ နားလည်သေးသည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora