၆၂၂။ ကိုယ်ပိုင် အစောင့်-၄
ဂျန်ဝုယောင်း၏ အပြစ်အနာအဆာ ကင်းသော မျက်နှာက ဖန်ဇိုအား နိမ့်ကျသလို ခံစားရစေသည်။ သူသည်လည်း အတော် ကြည့်ကောင်းသော စံပြရုပ်ရည်ကို ပိုင်ဆိုင်ထားသည် မဟုတ်လော။ သို့သော် ထိုမျှလောက် ဆွဲဆောင်အားကောင်းသော ရုပ်ရည်ပိုင်ရှင်ကို သူ တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
.......... (သူက မိဘတူကနေ မွေးဖွားလာခဲ့သည်မှ မဟုတ်ဘဲ၊ သူတို့ ရုပ်ချင်းမတူတာ အသိသာချည်းပဲ။)
ဂျန်ဝုရှီ စိတ်ထဲမှ ညည်းတွားမိသည်။ သို့သော် သူမ ကျယ်ကျယ်လောင်လောင် စကားတစ်ခွန်းမျှ မပြောဆိုပေ။
ခဏအကြာတွင် ဖန်ဂျင် ပြန်ရောက်လာသည်။ သူ့မျက်နှာက ပြုံးရွှင်နေသည်။ သူ ထိုင်၍ ဖန်ဇို, ဂျန်ဝုရှီတို့နှင့် တရစပ် စကားပြောသည်။
စကားပြောနေသည့် တောက်လျှောက် ဂျန်ဝုရှီ၏ မျက်လုံးက အခါအားလျော်စွာ အပြင်သို့ ကြည့်ကြည့်နေသည်။ ဂျန်ဝုရှီ၏ အပြုအမူကို ဖန်ဇို သတိပြုမိသည်။ သူက ချက်ချင်းပင် ထူအသော သူ့အကိုအား မေးလိုက်သည် အကိုကြီး, မင်း အစောက ခေါ်ထုတ်သွားတဲ့ ညီအကို ဘယ်မှာလဲ။
ဖန်ဂျန် ပြန်ပြောသည် သူ မီးဖိုဆောင်မှာ ဖြစ်မယ်။
............ ဖန်ဇို၏ မျက်နှာက တောင့်တင်းသွားသည်။
ဖန်ဂျင်က စကားအမျှင်မပြတ် ပြောသည် မွန်းတည့်တောင် ရောက်နေပြီမို့လား၊ ရှီလေးအတွက် နေ့လယ်စာ ပြင်ဆင်ပေးဖို့ အချိန်တန်ပြီလို့ သူ ပြောတယ်၊ ဒီတော့ ငါ သူ့ကို မတားမြစ်တော့ဘူး။
(ဂျန်မိသားစုက အရည်အချင်းရှိတဲ့လူတွေကို စံနမူနာအနေနဲ့ ကောင်းကောင်း ပျိုးထောင်ပေးထားတာပဲ၊ သူက မရင်းနှီးမကျွမ်းဝင်သေးတဲ့ နေရာကို ရောက်လာတာတောင် အရမ်း တက်ကြွနေတယ်၊ သူက ခေါင်းမာပြီး ကတ်တီးကတ်ဖဲ့ လုပ်တတ်တဲ့ အာ့ဂျန်ထက် အပုံကြီး တော်တယ်။)
ဖန်ဇို၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ သူက စိုးရိမ်တကြီး ဂျန်ဝုရှီကို လှည့်ကြည့်သည်။
သို့သော် ဂျန်ဝုရှီက အနည်းငယ်သာ မျက်မှောင်ကြုတ်သွားသည်။ သူမ မျက်ခုံးက အနည်းငယ် ကွေးညွှတ်သွား၍ သူမခေါင်းကို အနည်းငယ် ငုံ့ထားသည်။ သူမခေါင်းထဲမှာ မည်သို့ တွေးနေမှန်း မည်သူမျှ မသိချေ။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)