၅၀၃။ ဆက်တိုက်ရိုက်ချက်၊ စတုတ္ထပုံစံ-၃

555 47 0
                                    

၅၀၃။ ဆက်တိုက်ရိုက်ချက်၊ စတုတ္ထပုံစံ-၃

ထိုနှစ်ယောက်က ကိုယ်လွတ်ရုန်းသွားကြပြီး သူတို့ အဖွဲ့ကို ပစ်ထားခဲ့ကြသည်။ ထိုနှစ်ယောက်က ဒီလူများကို ကြားခံခိုင်းပြီး လောင်ချီ၏ ရက်ရက်စက်စက် လက်စားခြေလိုခြင်းကို အပြည့်အဝ ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ကြတာ ဖြစ်မည်။ ဒီအုပ်စု၏ ခေါင်းများ ဒီနေရာမှာ ပြုတ်ထွက်သွားလျှင် ဒီကိစ္စက နောက်ထပ် လိုက်လာတော့မည် မဟုတ်ဟု သူတို့ ရည်ရွယ်ကြခြင်း ဖြစ်မည်။

ရူလင်းစစ်သားများ၏ အမျက်ဒေါသမှ သူတို့ လွတ်မြောက်သွားစဉ်, တခြားသူများအပေါ် အပြစ်ခံစေခြင်း, ဒါက အတော် ဉာဏ်ပြေးသော အကွက် ဖြစ်သည်။

သို့သော် အတော်လေး ရက်စက်သော လုပ်ရပ်ဟု ဆိုသင့်သည်။ သူတို့ လည်ပင်း မပြတ်ရေးအတွက်, အဖွဲ့တစ်ခုလုံးအား စွန့်ပစ်ထားခြင်းကို အရမ်း လွယ်ကူစွာ လုပ်သွားခဲ့သည်။

ဂျန်ဝုရှီက မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ ထိုအခိုက်မှာ သူမ မည်သို့မျှ တုံ့ပြန်မှု မပေးပေ။

ဂျန်ဝုရှီ၏ တိတ်ဆိတ်နေခြင်းက ဖန်ဂျင်အား အလွန်အမင်း ကြောက်ရွံ့စေသည်။ ကျောင်းသားများ၏ နှလုံးသားများက သူတို့ ကံကြမ္မာကို ကြောက်ရွံ့ခြင်း အပြည့်ဖြင့် စောင့်ဆိုင်းနေကြသည်။

လောင်ချီအား ဗိုလ်ချုပ်အနေဖြင့် ရည်ညွှန်းပြောဆိုတာကို သူတို့ ကြားရလျှင်, ထိုလူငယ်များက သူတို့အတွက် အခြေအနေဆိုးရွားသွားမှန်း သိလိုက်ကြသည်။ သူတို့က သူတို့ ထင်မှတ်ထားသလို ကုန်သည်များ မဟုတ်ကြဘဲ ထူးခြားသော မူလဇာစ်မြစ်ကို ပိုင်ဆိုင်ထားကြသည်။

ဗိုလ်ချုပ်.....

ဒါက စစ်တပ်တစ်ခု၏ ဦးစီးခေါင်းဆောင်ကို ရည်ညွှန်းခေါ်ဝေါ်သော အသုံးအနှုံးမဟုတ်လော။

လောင်ချီ ကန်ထားသဖြင့် နာကျင်နေသော လူဝေဂျိုင်က လောင်ချီအား ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်မိသည်။ လောင်ချီနှင့် သူ့လူများ၏ မူရင်းဇာစ်မြစ်က လက်ရှိ သူတို့ထက် သာလွန် မြင့်မားတာကို သူ သိခဲ့သည်။ သို့သော် သူတို့ နောက်ခံက စစ်တပ်ဆိုတာကိုတော့ သူ မတွေးမိခဲ့ပေ။ မည်သည့်တိုင်းပြည်၏ စစ်တပ်ဖြစ်နေပါစေ, စစ်တပ်ဦးစီးခေါင်းဆောင်တစ်ယောက်က သူတို့၏ အသက်ကို ချက်ချင်းလက်ငင်း ယူဆောင်နိုင်သည်။ တိုင်းပြည်တစ်ခု၏ စစ်ဗိုလ်ချုပ်ကို သတ်ဖြတ်ဖို့ အကွက်ချစီမံခြင်းက ဂုဏ်သိက္ခာကြီးသော လေညင်းကျောင်းတော်သည်ပင် မဖုံးထားရဲသော ပြစ်မှုတစ်ခု ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Tempat cerita menjadi hidup. Temukan sekarang