၂၃၇။ “စတုတ္ထရိုက်ချက် - ၅”
ဂျန်းချန်ချင်းက ဂျန်ဝုရှီ၏ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် အမိန့်မှ ပြန်မတ်မလာခင်မှာပင်, အမူးသမားကြာပန်းက ချက်ချင်းပင် သူ့ရှေ့မှာ ပေါ်လာသည်။ သူ့ကျောရိုး ကျိုးနေပြီမို့ သူက ရုပ်သေးရုပ်လို ဖြစ်နေပြီး အမူးသမားကြာပန်းက သူ့ကို ကောက်မလိုက်သည်။ တခြားသူများက ကြောက်ရွံ့စွာ ကြည့်နေကြသည်။ ဂျန်းချန်ချင်း၏ မျက်နှာက အကြီးအကျယ်ဖြူရော်နေပြီး ကူကယ်ရာမဲ့စွာ မျိုးစုံကမ်းလှမ်းနေစဉ်, သူတို့ကို အမူးသမားကြာပန်း၏ စွမ်းအားကြောင့် အကြောက်တရားက တိတ်ဆိတ်သွားစေခဲ့သည်။
“မင်းက မင်းကိုယ်တိုင် ပျက်စီးခြင်းကို ယူဆောင်လာတာပဲ၊ မင်းသာ တိတ်တိတ်လေး နေရင်, မင်းကို နောက်ဆုံးမှ သတ်ဖို့ ရည်ရွယ်ထားတာ၊ ဒါပေမဲ့ မင်းက ငါ့သခင်မလေးကို မကျေမနပ်ဖြစ်အောင် လုပ်လိုက်တယ်, ဟုတ်တယ်မို့လား၊ မင်းကံကြမ္မာကို မင်းကိုယ်တိုင် သတ်မှတ်လိုက်တာပဲ။”
အမူးသမား ကြာပန်းက ဂျန်းချန်ချင်းကို ပြောင်လှောင်ရယ်မောလိုက်သည်။ ဂျန်ဝုရှီက အမြဲတမ်း အေးစက်စက် နေတတ်ပြီး ခံစားချက် ကင်းမဲ့သူ ဖြစ်သည်။ ဒီကမ္ဘာတွင် အနည်းငယ်သော အရာများကသာ သူမ၏ ဒေါသကို လှုံ့ဆော်ပေးနိုင်သည်။
၎င်းအရာများက သူမ၏ ဂျန်မိသားစုဝင်များ ဖြစ်သည်။ ဂျန်မိသားစုများကို ထိခိုက်နစ်နာအောင် လုပ်မိပါက, သူမ၏ ငြိမ်သက်နေသည့် သတ်ဖြတ်လိုချင်းဆန္ဒကို လောင်မြိုက်စေမည် ဖြစ်သည်။
ဒီငနုံက တကယ့်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံရဲသည်။ ချင်းယန်ကလန်အဓိပတိက ဂျန်ချင်းကို အရင်က သေသေချာချာ ကုသပေးလိုခြင်း မရှိခဲ့ဟူ၍ ဖြစ်သည်။
သူတို့က ဂျန်ချင်းကို မသန်မစွမ်းအဖြစ် ဆယ်နှစ်ကျော် နေထိုင်စေခဲ့သည်။ ဂျန်ဝုရှီက သူတို့ကို ငဲ့ညှာသနားစရာ နည်းနည်းလေးမျှ မရှိတော့ချေ။