၄၅၄။ "ဆက်တိုက်ရိုက်ချက်၊ ပထမ ပုံစံ-၁"

571 45 0
                                    

၄၅၄။ ဆက်တိုက်ရိုက်ချက်၊ ပထမ ပုံစံ-၁

သစ်ပင်များအောက်ဘက်တွင် လီဇီမုက သူ့ဂုဏ်သိက္ခာကို အနည်းငယ် ပြန်ရအောင် ကြိုးစားနေသည်။ သစ်ပင်၏ အမြင့်ဆုံး အကိုင်းများတွင် ရှိနေသော လူများက သူ့အမူအရာတိုင်းကို လေ့လာဆန်းစစ်နေမှန်း လီဇီမု သတိမပြုမိပေ။

ကျောက်ချူ...အဲကောင်လေး အစောနက ပစ်လိုက်တဲ့ ပုလင်းက ဂျန်ရှီ ညတုန်းက ငါတို့ကို ပေးလိုက်တဲ့ ပုလင်းမဟုတ်ဘူးလား ဖေးယန်၏ စူးရှသော မျက်လုံးက မြေပြင်ပေါ်မှာ အစိတ်စိတ် ကွဲကျေနေသော ပုလင်းကို တွေ့မြင်၍ သူက ကျောက်ချူကို လှည့်ကြည့်ကာ မေး၏။

ကျောက်ချူက မျက်မှောင်ကြုတ်၍ ပြောသည် ညတုန်းက သုံးပြီးတော့ ဂျန်ရှီကို ပြန်ယူချင်လား မေးတော့ မယူတော့ဘူးဆိုလို့ ငါ့အင်္ကျီထဲ ထည့်ထားခဲ့တာ၊ ငါ အိပ်ပျော်နေတုန်း ပြုတ်ကျသွားတာနဲ့ တူတယ်။

အိုး.... မဟာဌာနက လူတွေက ငါတို့ရှေ့မှာ အမြဲတမ်း ကြီးကျယ်သယောင် လုပ်နေကြတာ၊ ဒါပေမဲ့ ချီးကျူးလေးစားဖို့ ထိုက်တန်ပုံ မရဘူး၊ သူတို့နဲ့ သင့်တော်ပုံ မရဘူး၊ ငါတို့ ရှီလေး ပိုင်ဆိုင်တာ ဘယ်တုန်းက သူ့အပိုင် ဖြစ်သွားရတာတုန်း ဖေးယန်က မျက်လုံးမှေး၍ ပြောသည်။ ဂျန်ရှီ ဖန်တီးထားသော ဆေးမှုန့်ကို သူ့ကိုယ်ပိုင်လို အရှက်မရှိ လုပ်ဆောင်သွားသော လီဇီမုကို သူက အလွန်အမင်း မကျေမချမ်း ဖြစ်သွားသည်။

သူ့အပေါင်းအဖော်များထံမှ ကျေးဇူးတင်ခြင်းမှန်သမျှကို သိမ်းပိုက်သွားသော လီဇီမုကို ဂျန်ဝုရှီက တိတ်ဆိတ်စွာ စူးစမ်းလေ့လာနေသည်။

ရှီလေး, မင်း သူ့ကို သိလားလီဇီမုအား စိုက်ကြည့်နေသော ဂျန်ဝုရှီကို တွေ့မြင်ရ၍ ဖေးယန်၏ စူးရှသော မျက်လုံးများက တစ်ခုခုကို သတိပြုမိသွားသည်။

ဂျန်ဝုရှီက ပြန်မပြောပေ။ သို့သော် ဖန်ဂျင်က လည်ချောင်းရှင်း၍ ပေါ့ပေါ့ပါးပါး ပြောသည် အဲကောင်က လီဇီမု၊ သူက ကျောင်းတော်မှာ ဂျန်ဝုရှီအပေါ် မိတ်ဆွေမဆန်ဘူး။

ဖန်ဂျင်က စကားလုံး ရွေးချယ်၍ သတိထားကာ ပြောသည်။ လီဇီမုက ဂျန်ရှီအပေါ် မိတ်ဆွေမဆန်ရုံတင်လား။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now