၆၄၃။ ဝိညာဉ်စွမ်းအားမြှင့် (၅)

422 36 0
                                    

၆၄၃။ ဝိညာဉ်စွမ်းအားမြှင့် (၅)

စားပွဲပေါ်တွင် ကြောင်နက်လေးက နောက်ဆုံးမှာ အားများများ စိုက်ထုတ်ပြီး သူ့ခေါင်းကို ရှင်းလင်းအောင် လုပ်နိုင်သွားသည်။ သို့သော် သူ့သခင်မလေးက သူ့အား ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေတာကို မြင်ရလျှင် သူ ရင်ထိတ်သွားသည်။

၎င်းမျက်လုံးများက ကြောင်နက်လေးအား ဝမ်းတွင်းပါ တိရစ္ဆာန်တို့၏ အသိအမြင်ကို အရှိန်မြှင့်ပေးသည်။ ၎င်းအသိအမြင်က ကြောင်နက်လေးအား သတိပေးနေပြီး ဖြစ်အံ့ဆဲဆဲ အန္တရာယ်အသိပေးခေါင်းလောင်းကို မြည်ဟိန်းစေသည်။

နင် ဘာတွေ စဉ်းစားနေပြန်ပြီလဲ ကြောင်နက်လေးက နောက်သို့ တွန့်သွားသည်။ သူက ကြောက်လန့်တကြားဖြင့် ဂျန်ဝုရှီကို ကြည့်လျက် ထောင့်စွန်းသို့ ရောက်သည်အထိ နောက်ဆုတ်သွားလေ၏။

ဂျန်ဝုရှီက လက်ဆန့်၍ ကြောင်နက်လေး၏ ရှေ့လက်နှစ်ချောင်းကို ဖမ်းကိုင်လိုက်ပြီး အားသုံး၍ သူမရှေ့သို့ ဆွဲခေါ်လိုက်သည်။ ကြောင်နက်လေးက အံ့အားသင့် မှင်တက်နေမိသည်။

ငါ နင်နဲ့ ဒီလောက် နှစ်တွေ အကြာကြီး အေးအတူ ပူအမျှ နေလာခဲ့တာ၊ နင် မနှစ်သက်ဘူးဆိုရင်တောင် ငါ့ကို ကျေးဇူးတင်သင့်တယ်၊ နင် ဒီလို မလုပ်ရဘူးနော် ကြောင်နက်လေးက ဗလုံးဗထွေး အဆက်မပြတ် ပြောနေသည်။ ထိုအချိန်မှာပင် ဂျန်ဝုရှီ၏ လက်က သူ့ပါးစပ်ကို ပိတ်ဆို့ပစ်လိုက်သည်။

နင် ပိုပိုပြီး စကားများလာတာပဲ ဂျန်ဝုရှီက ပြောသည်။ သူမက မျက်လုံးများ ကျဉ်းမြောင်းလျက် ကြောင်နက်လေး၏ မျက်လုံးများကို စိုက်ကြည့်သည်။

သူတို့ ပြန်လည် မမွေးဖွားခင်က ကြောင်နက်လေးက အတော်လေး တိတ်ဆိတ်ငြိမ်သက်လှသည်။

ကြောင်နက်လေးက မချိတင်ကဲဖြင့် ဂျန်ဝုရှီကို ကြည့်လိုက်သည်။

သူ့သခင်မလေးကို သူ ဆိုးဆိုးရွားရွား ပြောပစ်ချင်သည်။ အရင်တုန်းက သူက စကားပြောဖို့ မနှစ်သက်သူ မဟုတ်ကြောင်းကို သူ အမှန်အတိုင်း ပြောပြချင်သည်။ တကယ်တော့ ဂျန်ဝုရှီ၏ အရင်ဘဝအခြေအနေက ပျင်းရိငြီးငွေ့ဖွယ် အလွန်ကောင်းပြီး နေ့စဉ် ဒီပုံစံချည်းသာ ဖြစ်သည်။ သူ့မှာ ပြောစရာ ဒီ့ပြင် ဘာအကြောင်းများ ရှိနိုင်ပါအံ့နည်း။

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ