၈၅၆။ အကျဉ်းထောင်သို့ အလည်သွားခြင်း

258 25 0
                                    

၈၅၆။ အကျဉ်းထောင်သို့ အလည်သွားခြင်း

ချူလင်းယွဲ့သာ သေသွားရင်, ထောင်ချီသားရဲမြို့တော်က မင်းအသက်ကို အလှဲအလှယ်အနေနဲ့ နှုတ်ယူချင်မှာ အသေအချာပဲ၊ ဂျန်ရှီ, မင်း အရမ်း မာနကြီးမှန်း ငါ သိတယ်၊ ဒါပေမဲ့ မင်းအသက်က အခု ပိုအရေးကြီးတယ်၊ ထောင်ချီသားရဲမြို့တော်က အမျက်သည်းလာရင် လေညင်းကျောင်းတော်ကတောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။

လေ့ဖန်က အရိုးသားဆုံး ဟန်ဆောင်လျက် ပြောသည်။ သူ့လေသံက စိုးရိမ်ပူပန်ခြင်း ရောစွက်နေသည်။ ဂျန်ရှီကို သူသည်သာ ဘေးလွတ်အောင် ကယ်တင်နိုင်ကြောင်း ယုံကြည်လာအောင် ကြိုးစားနေသည်။

အိုး... ဒါဆို အရှင့်သားက ဘယ်လို စိတ်ကူးထားပါသလဲ ဂျန်ဝုရှီက မေးသည်။

လေ့ချန် မျက်လုံးများမှာ အပြုံးဟပ်သွားသည်။ သို့သော် သူ အလျင်အမြန် ဣန္ဒြေဆယ်လိုက်သည်။ သူ့မျက်နှာက နောက်တစ်ဖန် တည်ကြည်လေးနက်ဟန် ဖြစ်လာပြီး ရိုးသားဟန်ဖြင့် ပြောသည် ဂျန်ရှီ, ငါက ရန်တိုင်းပြည်ရဲ့ နန်းပလ္လင်ကို ဆက်ခံဖို့ လျာထားခံရတဲ့ ငါ့တော်ဝင်အကိုနဲ့ နှိုင်းယှဉ်လို့ မရပေမဲ့, ငါလည်း ရန်တိုင်းပြည်ရဲ့ စတုတ္ထမင်းသားတော့ ဟုတ်သေးတယ်မို့လား၊ မင်းသာ ငါ့ရဲ့ ပညာသင်ဘက် ဖြစ်လာမယ်ဆိုရင်, ငါ့ခမည်းတော် ငါ့ကို ချစ်တာ အလိုလိုက်တာကို အသုံးချပြီးတော့, မင်းကို မထိခိုက်ရအောင် ကာကွယ်ပေးဖို့ သူ့ကို ‌တောင်းဆိုပေးမယ်လေ။

အင်း ဒါပေမဲ့... ဒါက ယုံကြည်လက်ခံစေဖို့ စီမံကိန်းလုပ်လိုက်တာပေါ့လေ၊ ဒီကိစ္စကို ဖြေရှင်းပြီးတဲ့နောက် မင်းက ငါ့ဘေးမှာ မနေချင်ဘူးဆိုရင်လည်း, ငါ မင်းကို အတင်းအကျပ်ကြီး ဖိအားမပေးပါဘူး၊ တကယ်ပါ၊ ငါ ရိုးရိုးသားသားနဲ့ မင်းကိုပဲ ကယ်ပေးချင်တာ၊ ငါ့ရဲ့ အယုံကြည်ရဆုံး အကူမှသာ ငါ့ခမည်းတော်ဆီကနေ အကောင်းဆုံး ကာကွယ်မှုကို ရမှာမို့လို့ပေါ့။

ဂျန်ဝုရှီက ချက်ချင်း ပြန်မပြောပေ။ သို့သော် လေ့ချန်၏ မျက်နှာကို ဆက်ကြည့်နေသည်။ သူ့ထံမှ တစ်ခုခုကို စီစစ်တွက်ချက်ဖို့ သူမ ကြိုးစားနေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now