၇၇၀။ အိမ်ရှေ့စံ ရောက်ရှိလာခြင်း (၁)

380 34 0
                                    

၇၇၀။ အိမ်ရှေ့စံ ရောက်ရှိလာခြင်း (၁)

ထိုညတွင် ၎င်းကိစ္စနှင့် ပတ်သက်၍ သူတို့ စိုးရိမ်ပူပန်စိတ် မထားကြတော့ချေ။ သူတို့ အမြင်အရ, အိမ်ရှေ့စံ လာသည်ဖြစ်စေ, မလာသည် ဖြစ်စေ, ကိစ္စမရှိချေ။ သူတို့ ဂရုစိုက်တာက တခြားလူများမှ မတူခြားနားသူများကိုသာ ဖြစ်သည်။ ရန်တိုင်းပြည်၏ အိမ်ရှေ့စံ ဖြစ်နေတော့ရော ဘာဖြစ်တာမှတ်လို့။ သူ့မှာ မြေပုံမရှိလျှင် သူတို့က အိမ်ရှေ့စံကို စိတ်ထဲပင် ထည့်သွင်းကြမည် မဟုတ်ပေ။ တကယ်တော့ အိမ်ရှေ့စံ နှစ်သက်သ‌ဘောကျခြင်းကို သူတို့ လုံးလုံး စိတ်မဝင်စားကြချေ။

ညစာစားချိန် ဖြစ်သည်။ ထာဝရအမိုးခုံး တည်းခိုအိမ်ပိုင်ရှင်က စားဖိုမှူးများကို အထူးတလည် အမိန့်ပေးထားသည်။ အိမ်ရှေ့စံ လာမည်ဖြစ်၍ ဂရုတစိုက် ပြင်ဆင်ထားရန် ဖြစ်သည်။ ထို့ကြောင့် သူတို့ နှေးကွေးလေးလံနေလို့ မရကြချေ။ အိမ်ရှေ့စံ လာသည်ဖြစ်စေ, မလာသည် ဖြစ်စေ, အိမ်ရှေ့စံ၏ ဧည့်ဝတ်ကျေပွန်ခြင်းကို အထင်အမြင် အသေးခံလို့ မဖြစ်ကြချေ။

ညမှောင်လာသဖြင့် မီးတိုင်များ လင်းလက်လာကြသည်။ ရန်တိုင်းပြည်၏ ဘုရင့်နေပြည်တော်က နေရာတိုင်းမှာ ထွန်းညှိထားသော မီးတိုင်များကြောင့် တောက်ပလင်းလက်နေသည်။ တောက်ပလင်းလက်နေသော မီးတိုင်များက ညအမှောင်ကို တွန်းထုတ် ဖယ်ရှားပစ်လိုက်သည်။ ကုံလုံကြွယ်ဝသော မြို့တော်က တစ်မျိုးတဖုံ လှပလို့ လာသည်။

အိမ်ရှေ့စံ၏ အမှတ်တံဆိပ် အလံတပ်ဆင်ထားသော မြင်းဆွဲရထားလုံးက လမ်းမကြီးတောက်လျှောက် မောင်းနှင်လာလေ၏။ နောက်ဆုံးတွင် ရထားလုံးက ထာဝရအမိုးခုံး တည်းခိုအိမ်၏ ဝင်‌ပေါက်ကြီးရှေ့တွင် ရပ်တန့်သွားသည်။ တခြားကျောင်းများမှ တပည့်များက သက်သောင့်သက်သာ အနားယူလျက် လမ်းလျှောက်နေကြသည်။ သူတို့က အိမ်ရှေ့စံ၏ မြင်းဆွဲရထားလုံး ရပ်တန့်သွားတာကို မြင်ရလျှင် သိချင်လာကြသဖြင့် ခေါင်းပြူ ကြည့်လာကြသည်။

အိမ်ရှေ့စံက မူလတုန်းက နဂါးသတ်ကျောင်းတော်သို့ လာရောက်မည့် အကြောင်း သတင်းစကားကို သူတို့ ကြားထားပြီး ဖြစ်သည်။ ဒါက သူ၏ တရားဝင် ကတိကဝတ်လည်း ဖြစ်သည်။ သို့သော် အိမ်ရှေ့စံက ထို့နောက် လေညင်းကျောင်း‌တော်၏ ဖိတ်မံချက်ကို လက်ခံရရှိသည်။ တခြားလူများက ထိုအရာကို ရယ်ဖွယ်ရာဟူ၍ မှတ်ထင်ကြလေ၏။ လေညင်းကျောင်းတော်က မည်သို့သော အခြေအနေသို့ ဆိုက်ရောက်နေသနည်း။ သူတို့က အဆင့်နိမ့်ကျသွားပြီ မဟုတ်လော။ သူတို့က အိမ်ရှေ့စံနှင့် ရင်းနှီးကျွမ်းဝင်အောင် အရင်ဦးဆုံး ဖတ်မံကြသတဲ့လား။ တိုက်တိုက်ဆိုင်ဆိုင်ပင် နဂါးသတ်ကျောင်းတော်၏ အိမ်ရှေ့စံနှင့် တွေ့ဆုံခြင်းနှင့် အချိန်သွားတိုက်နေလေ၏။

ပါရမီရှင်သမားတော်(၂)Opowieści tętniące życiem. Odkryj je teraz