၃၃၄။ “ခြောက်ခုမြောက် ရိုက်ချက် - ၆”
သည်ကြံစည်မှုက မဖြစ်နိုင်ဖွယ်ရာ နက်နဲသည်။ ထို့ပြင် လုံးဝ ကာကွယ်လို့ မရခဲ့ပေ။
ချင်ယွဲ့ကား ပြောစရာစကားလည်း မရှိတော့သလို ခိုကိုးရာလည်း မဲ့သွားရလေပြီ။ လူငယ်သုံးယောက်က အင်အားကြီး ချင်းယန်ကလန်၏ အဓိပတိကို ရှုံးနိမ့်စေခဲ့ပြီး ချင်ယွဲ့၏ ဂုဏ်သိက္ခာကို တစ်စစီ ချိုးဖဲ့ပစ်ကာ အရှက်ခွဲခဲ့လေပြီ။
သေကြေပျက်စီးစေသည့် လှုပ်ရှားမှုကို ဖြစ်ပေါ်စေပြီး ဖျက်ဆီးခြင်း မျိုးစေ့ကို စိုက်ပျိုးစေခဲ့သူက သူကိုယ်တိုင်မှ တပါး အခြားသူ မဟုတ်တော့ချေ။
တခြားအကြီးအကဲများ၏ ဒေါသက သူ့ဆီ ဦးတည်လာခဲ့သည်။ သို့သော် အရေးမပါတော့ချေ။ သူကား စိတ်ပျက်အားလျော့သွားပြီး သူ့ကိုယ်သူ ဆံပင်များကို ဆွဲနှုတ်ပစ်ချင်စိတ် ဖြစ်ပေါ်လာသည်။ သူ၏ အသိဉာဏ်ကင်းမဲ့မှုက သူ့ကို အစစ်အမှန် အနာကျင်စေဆုံး ဖြစ်သည်။
သူက သူ့တစ်ဘဝလုံးများ တခြားလူများထက် ပိုမို ဉာဏ်ကောင်းသူဟူ၍ ဂုဏ်ယူဝင့်ကြွားခဲ့သည်။ သို့သော် အမှားလေးတစ်ခုကြောင့် သူ ချစ်မြတ်နိုးသည့် အရာမှန်သမျှနှင့် ပေးဆပ်လိုက်ရသည်။ သူ့အတွက် တန်ဖိုးအကြီးဆုံး ချင်းယန်ကလန်ကိုပင် လူငယ်လေးသုံးယောက်ထံမှာ ဆုံးရှုံးလိုက်ရလေပြီ။
တစ်နာရီအတွင်းမှာ အရာအားလုံး ဆုံးရှုံးရတော့မည်။ ချင်းယန်ကလန်၏ အတွင်းစည်းတပည့်မှန်သမျှ သေဆုံးရတော့မည်။ ကျန်ရစ်သူက မုချန်နှင့် တိမ်လှေခါးတောင်ထွတ်သာ ရှိတော့မည်။ ခန်းမကြီးထဲတွင် အခု ဝရုန်းသုန်းကား ဖြစ်နေဆဲပင်။ လက်စွပ်ဝိညာဉ်သုံးကောင်က စွမ်းအားကြီးလွန်းသည်။ သူတို့အထွက် ထွက်ပေါက် ပိတ်သွားလေပြီ။
အဆုံးမှာတော့ မုချန်တစ်ယောက်တည်းသာ အကြီးအကဲတစ်ယောက်အနေဖြင့် ချင်းယန်ကလန်နှင့် အတူ ကျန်ရှိခဲ့ချိန်မှာ, သူ့ကို ချင်းယန်ကလန်အတွင်း အခြေအနေကို ထိန်းထားနိုင်သူဟု သတ်မှတ်ကြမှာ ဖြစ်ပြီး, တိမ်ပြာတေင်ထွတ်တွင် ယနေ့အဖြစ်အပျက်များကို မျက်မြင်တွေ့ကြုံခဲ့သည့် နောက်ဆုံးလူအဖြစ် တည်ရှိလိမ့်မည်။ အဖြစ်မှန်က အမြဲတမ်း မြှုပ်နှံခံလိုက်ရမှာဖြစ်ပြီး ချင်းယန်ကလန်က သည်နေ့မှ စ၍ နောက်ထပ် တည်ရှိတော့မှာ မဟုတ်ပေ။