၃၉၅။ "ရွံစရာ အခန်းဖော် - ၃"

616 58 1
                                    

၃၉၅။ ရွံစရာ အခန်းဖော် - ၃

လူငယ်က လိုလိုလားလား ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့နှလုံးသားထဲမှာတော့ အေးစက်စက် ခံစားလိုက်ရသည်။ ယင်ယန်က အပြင်ပန်းအနေအားဖြင့် သိမ်မွေ့နူးညံ့ပုံရသော်လည်း ရက်စက်သည့် စရိုက်ရှိသည်။ ၎င်းစရိုက်ကို ဖုံးကွယ်ထားသည်။ သို့သော် ထုတ်ဖော်ပြချိန်မှာဆိုလျှင် သူ့ကို ကြက်သီးမွေးညင်း ထစေသည်။

အမကြီး နင်က ငါ့ဆီကနေ ဘာလိုချင်လို့လဲ ယင်ယန်က ဂျန်ဝုရှီနှင့် ကိစ္စကို ခဏ ဘေးဖယ်ထားလိုက်ပြီး လူငယ်ကို မေးသည်။

လူငယ်က ခေါင်းယမ်းပြသည် အမကြီး နင်က ဘာ မပြောဘူး၊ မင်းကို ခေါ်လာဖို့ပဲ ပြောတာ။

ယင်ယန်က နောက်ထပ် မမေးတော့ပေ။

ခဏအကြာတွင် သူတို့ နှစ်ယောက်က ကြီးမားသော စာကြည့်တိုက်သို့ ရောက်ရှိလာကြသည်။ မိန်းမပျိုလေး တစ်ဦးက လေညင်းကျောင်းတော် ဝတ်စုံကို ဝတ်ဆင်ထားပြီး ပြူတင်းပေါက်ဘေးတွင် ထိုင်နေသည်။ ပြူတင်းပေါက်မှ ဝင်ရောက်လာသည့် အလင်းရောင်က မိန်းမပျိုလေးအပေါ် ကျဆင်းနေသည်။ ညှို့ယူဖမ်းစားနိုင်သော အလင်းရောင်ကို မိန်းမပျိုလေးက ပိတ်ပင်တားဆီး ထားသည်။

မိန်းမပျိုလေးက သူမလက်ထဲရှိ စာအုပ်ကို ခေါင်းငုံ့၍ စူးစိုက် ဖတ်နေသည်။

ယင်ယန်က စာအုပ်ထဲ စိတ်နစ်နေသော မိန်းမပျိုကို စူးစိုက်ကြည့်သည်။ ထို့နောက် ချောင်းဟန့်၍ ပြောသည် အမကြီး နင်။

မိန်းမပျိုလေးက ခေါင်းမော့၍ ကြည့်သည်။ သူမ၏ လှပသော မျက်နှာလေးက ယင်ယန်ကို သိသိသာသာ လွှမ်းမိုးသွားသည်။ သူမအကြည့်က သူ့အား အသက်ရှူကျပ်စေသည်။ ယင်ယန် အသက်ရှူ ခက်ခဲသွားလေ၏။

မိန်းမပျိုလေး၏ အကြည့်ကြောင့် ယင်ယန် ကူကယ်ရာမဲ့စွာ ခေါင်းငုံ့လိုက်ရသည်။

မိန်းမပျိုလေးက ယင်ယန်ဘေးရှိ လူငယ်ကို လှည့်ကြည့်လိုက်သည်။ ထိုလူငယ်က တွန့်ဆုတ်ဆုတ်ဖြင့် ထွက်ခွာသွားသည်။

ထို့နောက် မိန်းမပျိုလေးက ခပ်အေးအေးဖြင့် ဆိုလာသည် ဖန်ဂျင်လက်အောက်က လူသစ်လေးက နင်နဲ့ အတူ နေတာမို့လား။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now