၉၁၇။ ကန့်လန့်ကာ မတင်ခြင်း(၁)
အရှင်မင်းကြီး, တော်ဝင်မျိုးနွယ်အဆက်ဆက် ဘယ်သူကမှ မဟာအကြံပေးရဲ့ အိမ်တော်ကို ရှာပိုင်ခွင့် မရှိဘူး၊ အရှင်မင်းကြီး ဒါကို တကယ်လုပ်ချင်တယ်ဆိုရင်, ကျနော်မျိုး ကြောက်တာက..... ယွမ်ပြောင်က ဘုရင်ကြီးကို ချက်ချင်းပင် အသိပေးလိုက်သည်။ မဟာအကြံပေး၏ အိမ်တော်က ရှာဖွေလို့ ရသော နေရာတစ်ခု မဟုတ်ပေ။
မဟာအကြံပေးက တိုင်းသူပြည်သားများ၏ စိတ်နှလုံးမှာ ကြည်ညိုမြတ်နိုးသော အနေအထားမှာ ရှိသည်။ သို့သော် သူက နန်းတွင်းရေးရာများမှာ စွက်ဖက်လေ့ မရှိပေ။ ထို့ပြင် မဟာအကြံပေးက လျှို့ဝှက်နက်နဲသော အရှိန်အဝါရှိနေသဖြင့် မည်သူမျှ သူ့ကို ရန်စစော်ကားဝံ့ခြင်း မရှိပေ။
တစ်စုံတစ်ယောက်က နှစ်တစ်ရာကျော်သက်တမ်းရှိနေသော်လည်း, အသက်နှစ်ဆယ်အရွယ်လို ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားလျှင်, ထိုလူက သာမန်မဟုတ်သော လူသားတစ်ယောက်သာ ဖြစ်နိုင်သည်။
ယွမ်ပြောင်လို လူစားမျိုးသည်ပင် မဟာအကြံပေးကို ပြဿနာများ သွားမရှုပ်ရဲပေ။
ယွမ်ပြောင်၏ တိုတိုရှင်းရှင်း သတိပေးခြင်းကြောင့် ဘုရင်ကြီးက ရုတ်တရက် သတိပြန်ဝင်လာကာ တုန်လှုပ်သွားသည်။ သူ့မျက်နှာပေါ်မှ ရက်စက်ယုတ်မာလိုခြင်းလည်း တဖြည်းဖြည်း အနည်ထိုင်လာသည်။
ထားလိုက်တော့.... ထားလိုက်တော့.... မင်း လူတစ်ချို့ကို မဟာအကြံပေးရဲ့ အိမ်တော်အပြင်ဘက်မှာ ချထားလိုက်၊ သံသယရှိတဲ့ လူကို မြင်ရမှ, မင်းတို့ လှုပ်ရှားဆောင်ရွက်ကြတော့ ဘုရင်ကြီး၏ ကြမ်းတမ်းသော ဒေါသက ငြိမ်ကျသွားသည်။ သူ့စိတ်ထဲမှာ သူ့ဖခင်၏ ညွှန်ကြားချက်က ဝင်ရောက်လာသည်။ ရုတ်တရက် သူ ၎င်းညွှန်ကြားချက်ကို ပြန်မှတ်မိသွားသည်။
(မဟာအကြံပေးကို ဘယ်တော့မှ မလေးမစား မလုပ်လိုက်လေနဲ့။)
နတ်ရွာစံဘုရင်ကြီး၏ ထိုနောက်ဆုံးစကားများက နန်းပလ္လင်ကို သူ့အား လွှဲအပ်ပေးချိန်တုန်းက ပြောကြားခဲ့သော စကားများ ဖြစ်သည်။ သို့သော် ဝမ်ယု၏ ဘာသိဘာသာနေခဲ့ခြင်းကြောင့် သူက ၎င်းစကားများကို ဖြည်းဖြည်း မေ့ပျောက်လာခဲ့သည်။ အခု ၎င်းစကားများကို သူ နောက်တစ်ဖန် သတိရလာသဖြင့် သူ့နှလုံးသားထဲမှာ အေးစက်စက် ခံစားလိုက်ရသည်။