၃၅၄။ "ငါ ရောက်လာပြီပဲ - ၃"

770 64 2
                                    

၃၅၄။ “ငါ ရောက်လာပြီပဲ - ၃”

“မင်းပြောတာကို မင်းမှတ်ထားပါ။” ဂျန်ဝုယောင်းက ထင်ရှားပြတ်သားစွာ သတိပေး၍ ဂျန်ဝုရှီကို အခန်းတွင်းသို့ သယ်ဆောင်သွားသည်။

ရောင်းရူက ခဏအကြာတွင် ပေါ်လာသည်။ သူက ယန်ဘူဂွေ့အား မျက်နှာဖြူရော်ကာ မိုးရေထဲ ရပ်နေတာကို တွေ့ရလျှင် တုန်လှုပ်သွားသည်။

“ဆရာ”

ယန်ဘူဂွေ့က လက်မြှောက်၍ ခေါင်းယမ်းပြသည်။ “မင်း ဘာမြင်မြင်, ဘယ်သူ့ကိုမှ လေသံတောင် မဟနဲ့၊ သူက တို့ နှောင့်ယှက်လို့ ရတဲ့ လူ မဟုတ်ဘူး။”

အမှောင်ဘုရင်က အသက်ရှင်နေဆဲပင် ဖြစ်သည်။ အမှောင်နိုင်ငံက သိရှိသွားလျှင် သူတို့ မြတ်နိုးသည့် ဘုရင်ကြီးကို ခေါင်းဆောင်အနေဖြင့် ပြန်လည် ကြိုဆိုဖို့ အသင့်ပင် ဖြစ်နေလိမ့်မည်။ သို့သော်..... ဘာ့ကြောင့် အမှောင်သခင်ကြီးက ဒီအောက်ဘုံမှာ ရှိနေရသနည်း။ အဲအချိန်တုန်းက တကယ် ဘာဖြစ်ခဲ့သနည်း။ အမှောင်သခင်ကြီး၏ သေဆုံးသွားသည့်သတင်းက အဲတုန်းက တစ်ဘုံလုံးမှာ ပျံ့နှံ့ခဲ့သည်။ အခု သူက ဒီအောက်ဘုံမှာ မည်သို့ ရှိနေရသနည်း။

ယန်ဘူဂွေ့က ခေါင်းရှုပ်နေသည်။ ထို့နောက်  သူ ရုတ်တရက် ရယ်လိုက်သည်။

“ဟားဟားဟား.... နန်းတော် ၁၂ခုကတော့ အခု ကောင်းကောင်း သေလို့ ရပြီပဲ။

အမှောင်ဘုရင်ကြီး၏ အနက်ရောင်မြွေက လူတစ်ယောက်၏ စိတ်ထဲမှ ထိုလူသိသမျှ အရာတိုင်းကို နှိုက်နှိုက်ချွတ်ချွတ် သိနိုင်သည့် အစွမ်းရှိသည်။ ယန်ဘူဂွေ့က အသက်နန်းတော်မှ ထွက်ပြေးလွတ်မြောက်သွားတာကို အမှောင်သခင်ကြီးက သိသည်။ ဒါက ထိုကိစ္စကိုလည်း သိသည်ဟူ၍ ဆိုလိုရာ ရောက်သည်။

ရောင်းရူက သူ့ဆရာကို စူးစိုက်ကြည့်နေသည်။ သူ့ဆရာက အံ့ဩတုန်လှုပ်ဖွယ်ရာ ရုတ်တရက် ကျယ်လောင်စွာ ရယ်နေသည်။ သို့သော် သူ နှုတ်ပိတ်နေဖို့ ဆုံးဖြတ်လိုက်သည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora