၇၅၉။ မီးဝိညာဉ်လေလံအိမ်တော်(၂)
ထိုအနံ့က ဂျန်ဝုရှီ၏ တမူထူးခြားသော ရနံ့ဖြစ်သည်။
တခြားအကြောင်းပြချက်မရှိဘဲ ဂျန်ဝုရှီ ပိုင်ဆိုင်သော ရနံ့ဖြစ်သောကြောင့်ပင် ၎င်းရနံ့ကို ဂျန်ဝုယောင်း သဘောကျသည်။
ဂျန်ဝုရှီက ခေါင်းယမ်းပြသည်။ ထို့နောက် ခေါင်းညိတ်လိုက်သည်။
သူမ လိုအပ်နေတာက ဆေးလုံးများ ဖြစ်သည်။ သို့သော် ၎င်းဆေးလုံးကို ကိုယ်တိုင်သာ ဖော်စပ်ရမည် ဖြစ်သည်။
ယန်ဘူဂွေ့ကို သူမ၏ ဆရာဟူ၍ အသိအမှတ်ပြုခြင်းသည် သူမကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်သည်။ ဖီးနစ်ကျောင်းတော်မှာ သူမ အကြာကြီး မနေခဲ့ပေ။ ထို့ပြင် ယန်ဘူဂွေ့နှင့် သူမ များများစားစားလည်း တုံ့ပြန်မှု မရှိပေ။ သို့သော်ငြား သူမက ထိုစုတ်စုတ်ပြတ်ပြတ် ဝတ်စားထားသော လူကြီးကို သူမ၏ ဆရာအဖြစ် နှလုံးသားထဲမှ အသိအမှတ်ပြုထားပြီး ဖြစ်သည်။ တပည့်တစ်ယောက်အနေဖြင့် သူမဆရာ၏ စိုးရိမ်ပူပန်စရာကို မျှဝေထမ်းဆောင်သင့်သည် မဟုတ်လော။
ထူးထူးခြားခြား ပြောစရာ ဘာမှ မရှိဘဲနှင့်ပင် သူမအား ကောင်းကင်ဘုံ ဖန်လုံးနှင့် စကြဝဠာအိတ်တို့ကို သူမအား လက်ဆောင်အဖြစ် ပေးခဲ့သည်။ ထိုလက်ဆောင်များက သူမအား အလွန်ပင် အကူအညီ ဖြစ်သည်။
လူများက သူမအား ကြင်နာခြင်းကို ပြသလျှင် သူမက အမြဲတမ်း နှုတ်ဖြင့် ကျေးဇူးတင်စကား ပြောတတ်သူ မဟုတ်ပေ။ သို့သော် သူမက ကျေးဇူးတရားကို လက်တွေ့သာ ပြန်ပေးဆပ်တတ်သူ ဖြစ်သည်။
သူ့ချစ်သဲလေး၏ ကွဲလွဲသည့် တုံ့ပြန်မှုကို ကြည့်ရင်း ဂျန်ဝုယောင်းက အလွန့်အလွန် ချစ်မြတ်နိုးလာရသည်။ ဂျန်ဝုရှီကို တွေ့ခါစတုန်းက အစွန်အဖျားမှာ ရောက်နေသော ကြောင်လေးလို သူမပတ်ပတ်လည်ရှိ လူတိုင်းကို သတိထားနေခဲ့သည်။ သူမက သူ့အား အေးစက်စက်ဖြင့် စိုးရိမ်ကြောင့်ကြစွာ အမြဲတမ်း ကြည့်ခဲ့သည်။ ထိုအချိန်တုန်းက သူမအနားသို့ အနည်းငယ် ကပ်လာလျှင်ပင် သူမက ချက်ချင်းပင် ရန်လိုစွာ တုံ့ပြန်လာတတ်သည်။