၅၀၄။ ဆက်တိုက်ရိုက်ချက်၊ စတုတ္ထပုံစံ-၄
လူဝေဂျိုင်က သူ့ကိုယ်သူ ကယ်တင်ဖို့နှင့် နင်ရှင်းအား လက်စားချေဖို့ သူ သိသမျှ အရာရာတိုင်းကို ထုတ်ဖော်ပြောဆိုသည်။
ဘာလို့ သူမက အဲလို လုပ်ချင်ရတာလဲ လောင်ချီက လေးလေးနက်နက် တွေးတောနေဆဲပင်။ ပူးပေါင်းဆောင်ရွက်သူအပေါ်မှာ ဘယ်လိုလုပ် သူမက ဒီလို လုပ်ရသလဲ, သူ နားမလည်ပေ။ ခင်မင်စရာမကောင်းသော ထိုမိန်းမပျိုက ဘာ့ကြောင့် သူတို့သေအောင် ကြိုးပမ်းရသနည်း။
လူဝေဂျိုင်က အခွင့်အရေးကို အပြည့်အဝ အသုံးချလိုသဖြင့် မြန်မြန်ဆန်ဆန် ပြောသည် နင်ရှင်းလို လူစားမျိုးက သူမဘဝမှာ လူတကာ မြှောက်စားတာကို ခံယူနေကျင့် ရှိတယ်၊ သူမ မြှူဆွယ်တာကို တလောကလုံးက မလွန်ဆန်နိုင်ဘူးလို့ ယူဆထားတယ်၊ သူမ ဒေါသထွက်လာရင် လုပ်ချင်ရာ လုပ်ပစ်တတ်တယ်၊ ဒါပေမဲ့ ဘယ်သူကမှ သူမ အလိုဆန္ဒကို မဆန့်ကျင့်နိုင်ကြဘူး၊ သူမက ခင်ဗျားနဲ့ ခင်ဗျားလူတွေရဲ့ အစွမ်းအစကို မြင်တယ်၊ အဆင့်မြင့်လိပ်ပြာသားရဲကိုတောင် လွယ်လွယ်ကူကူ နှိမ်နင်းနိုင်တာကို သူမ သိတယ်၊ ဒီတော့ သူမက ခင်ဗျားရဲ့ အလေးပေးမှုကို လိုချင်လာတယ်၊ သူမဘေးမှာ ခင်ဗျားကို ဆွဲထားချင်တယ်၊ ဒါပေမဲ့..... ခင်ဗျားက သူမကို ထပ်ချည်းတလဲလဲ လျစ်လျူရှူပြီး သွားနေခဲ့တယ်၊ ဒါက သူမကို အရမ်း အရှက်ခွဲတာ ဖြစ်သွားတယ်၊ ခင်ဗျားကို စည်းရုံးသိမ်းသွင်းဖို့ မဖြစ်နိုင်ဘူးလို့ သူမ ဆုံးဖြတ်လိုက်ချိန်မှာ, သူမက အကောက်ကြံတော့တာပဲ....
ဘာ အကောက်ကြံတာလဲ
ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးကို ဖြားယောင်းဖို့ အကောက်ကြံတာ၊ ခင်ဗျားကို သတ်ဖို့ပေါ့၊ ဒါမှသာ သူမ ဒေါသကို ဖြေသိမ့်နိုင်မှာ၊ လိပ်ပြာသားရဲကြီး ထွက်သွားချိန်ကျရင် ခင်ဗျားတို့ ခန္ဓာကိုယ်ကနေ ပစ္စည်းတွေကို အဖွဲ့က လုယက်လိမ့်မယ်၊ သူမက ပြောသေးတယ်... လျှို့ဝှက်လူတွေက အဆင့်မြင့် ကျွမ်းကျင်သူတွေ, အင်အားကောင်းသူတွေဖြစ်လို့ သူတို့ကိုယ်မှာ ပစ္စည်းကောင်းတွေ ပါလိမ့်မယ်တဲ့.... လိပ်ပြာသားရဲကြီးက လူသားမစားဘူးဆိုတာကိုလည်း သူမ သိတယ်၊ ဒီလိုနဲ့ သူမက ကျနော်တို့ကို ဒီစီမံကိန်းထဲ ဆွဲသွင်းခဲ့တာပါ....