၈၁၁။ ရှေ့တက်ဖို နောက်ဆုတ်ခြင်း
လေ့ချန် နိုးထလာချိန်မှာ နောက်တစ်နေ့ မနက်မိုးစင်စင် လင်းချိန် ဖြစ်နေလေပြီ။ သူ အိပ်ရာမှ ထထချင်း, သူ့အစေခံများကို ဆင့်ခေါ်လိုက်သည်။ အစေခံများက သူ့အား ကူညီကာ ဆေးကြော သန့်စင်၍ အဝတ်အစားများကို လဲပေးကြသည်။
သခင်လေး ဂျန်နဲ့ သူ့အပေါင်းအသင်းတွေ နိုးကြပြီလား သူ အရက်မူးအောင် မသောက်တာ ကြာခဲ့လေပြီ။ လေ့ချန်က အခုထိ ခေါင်းထဲ တစစ်စစ် ကိုက်ခဲနေတုန်းပင်။
သူတို့ နိုးနေပါပြီ အရှင်။
လေ့ချန် ခေါင်းညိတ်၍ ဂျန်ရှီတို့ အုပ်စုကို နံနက်စာ သုံးဆောင်ရန် သူ့အစေခံများကို သွားဖိတ်မံခိုင်းလိုက်သည်။
ထမင်းစားခန်းတွင် ဂျန်ဝုရှီနှင့် တခြားလူများ ရောက်ရှိနှင့်ကြလေပြီ။ လေ့ချန်က အနည်းငယ် နောက်ကျပြီးမှ ရောက်ရှိလာသည်။ ဂျန်ရှီတို့ကို သူ မြင်လျှင် ပျော်ရွှင်ခြင်းကြောင့် သူ့မျက်နှာ လင်းလက်သွားသည်။
ငါ့ဧည့်သည်တော်များ ညက ကောင်းကောင်း အိပ်ပျော်ကြရဲ့လား။
ကောင်းကောင်း အိပ်ပျော်ပါတယ် ဂျန်ဝုရှီ ခေါင်းညိတ်၍ ဖြေသည်။
ကောင်းတယ်၊ အိမ်ရှေ့စံရဲ့ နန်းဆောင်မှာ ညအိပ်ညနေ ဧည့်သည်တွေ မရှိတာတောင် အတော်ကြာပြီ၊ လုံလောက်အောင် မစီမံပေးမိလို့ မင်းတို့ အားလုံး သက်သောင့်သက်သာ မဖြစ်မှာကို ငါ စိုးရိမ်မိတယ် လေ့ချန်က အရယ်ဖြင့် ပြောသည်။
ကျောက်ချူက လေ့ချန်ကို လျှို့ဝှက်စွာ အကဲခတ်ပြီး ဟွာယောင်းအနားသို့ ရွှေ့ထိုင်လိုက်သည်။ သူတို့ နှစ်ယောက်သာ ကြားနိုင်လောက်သည့် လေသံဖြင့် ကျောက်ချူက ပြောသည် အကိုဟွာ, ရှီလေး နောက်ထပ် ဘာလုပ်မလဲဆိုတာ မင်း စဉ်းစားမိသလား။
ဟွာယောင်း ခေါင်းခါပြသည်။
ပြီးခဲ့သည့် ညက ကိစ္စရပ်မှန်သမျှက ဂျန်ဝုရှီ၏ အစီအမံများသာ ဖြစ်သည်။ သူတို့အခန်းသို့ သူတို့ ပြန်ရောက်ကြပြီးနောက် ဂျန်ဝုရှီ မည်သို့ စီမံကိန်း ဆွဲထားကြောင်း သူတို့ မသိကြချေ။
