၂၀၂။ စိတ်ငြိမ်ကျောက်စိမ်း - ၄
ဂျန်ဝုယောင်းမျက်နှာပေါ်တွင် အပြုံးက ရှိနေသေးသော်လည်း သူ့မျက်လုံးများတွင်တော့ အလင်းရောင်က ဒီရေကျသည့်အလား တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ဂျန်ဝုရှီက သတိမပြုမိဘဲ ဆက်လက်ပြောဆိုသည် “ဒီတစ်ခေါက် သူတို့ကို ထိခိုက်အောင် လုပ်စရာ မလိုဘူး၊ မိုချင်းယွမ်ကို တွေ့ဖို့လေးပဲ လိုတယ်။”
ဒါက တကယ် လွန်သွားပြီ၊ ငါက သူမကို ဟိုငနဲ အိမ်ရှေ့စံ လက်မောင်းကြားထဲ ပို့ပေးရမှာလား။
ဂျန်ဝုယောင်း၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်သည့် ဆန္ဒက တိုက်စားလာသည်။ ကောင်းပြီလေ, ငါက သူမကို အဲကို ပို့ပေးလိုက်မယ်, ပြီးတာနဲ့ မျက်စိစပါးမွှေးစူးနေတဲ့ ဘုရင်အသစ်ကျပ်ချွတ်ကို တစ်ခါတည်း စမုံတုံးပစ်လိုက်မယ်။
ဂျန်ဝုယောင်းထံမှ မည်သည့် တုံ့ပြန်မှုကိုမျှ မကြားရ၍ ဂျန်ဝုရှီက သူမခေါင်းကို မော့၍ ကြည့်လိုက်လျှင် ဂျန်ဝုယောင်း၏ မျက်လုံးများမှာ အပြောင်းအလဲကို တွေ့မြင်လိုက်သည်။ သူမက နှုတ်ခမ်းကိုက်၍ အသေအချာ စဉ်းစားနေမိသည်။
သူမက ဂျန်ဝုယောင်းနှင့် သူမကြားမှ ဆက်စပ်မှုကို မေ့လျော့နေသည်။ သူတို့က အခု သူစိမ်းတွေမှ မဟုတ်တော့တာ။ သူတို့က အချင်းချင်း ဖေးမပေးရမည့် လူတွေပဲလေ။
သူမ မွေးလာကတည်းက ဂျန်မိသားစု အသားအဖနှင့် ပြောဆိုဆက်ဆံပုံ အားလုံးကို ပြန်လည် စဉ်းစားလိုက်လျှင် သူမက မာတောင့်တောင့် ဖြစ်သွားသည်။ ထို့နောက် သူမ ပါးစပ်မှ မပီဝိုးတဝါး အသံထွက်လာသည်။
“အကိုကြီး”
“............”ဂျန်ဝုယောင်း၏ နှလုံးသားထဲတွင် အလင်းရောင်များ ပြိုးပြိုးပျက်ပျက် ဖြစ်သွားသည်။
ဆောင်းဥတု ကျော်လွန်ပြီး နွေဦးရောက်လာသလို သူ့နှလုံးသားက နွေးထွေးသွားသည်။