၇၆၀။ မီးဝိညာဉ်လေလံအိမ်တော်(၃)

526 48 5
                                    

၇၆၀။ မီးဝိညာဉ်လေလံအိမ်တော်(၃)

ဂျန်ဝုရှီနောက်တွင် ရပ်တည်နေသော ဂျန်ဝုယောင်းသာ ဖြစ်သည်။

ဂျန်ဝုယောင်းက အလွန်သာမန်ဆန်၍ အနက်ရောင်သီးသန့်ဖြစ်သည့် ပုံစံရိုးရိုး အဝတ်အစားကိုသာ ဝတ်ဆင်ထားသည်။ မည်သည့် အဆင်တန်ဆာမျှ ဝတ်စုံပေါ်တွင် ရှိမနေချေ။ သို့သော် အပြစ်အနာအဆာ ကင်းမဲ့သော မျက်နှာက လူများအား ဆွဲဆောင်ဖို့ လုံလောက်နေလေ၏။ သူတို့၏ ခရီးစဉ် တောက်လျှောက်, သူ၏ အရပ်မြင့်မား၍ ခံ့ညားလွန်းသော ရုပ်ရည်သွင်ပြင်က ဖြတ်ကျော်သွားသူ လူတိုင်းအား ညှို့ငင်ဖမ်းစားသွားသည်။ မရေမတွက်နိုင်သော အမျိုးသမီးများ၏ နှလုံးသားများကို ဖမ်းယူ၍ အကျဉ်းကျသွားစေသည်။

ထိုအမျိုးသမီးများကြားမှ ရဲတင်းသော အမျိုးသမီးများဆိုလျှင် သူတို့နှစ်ယောက်သို့ နောက်ယောင်ခံ လိုက်လာကြသည်။ ဂျန်ဝုယောင်း မီးဝိညာဉ်လေလံအိမ်တော်၏ ဥပစာသို့ ရောက်ရှိလာတာကို သူတို့ မြင်ချိန်မှာ သူတို့အားလုံး တခြားကိစ္စများကိုပင် အာရုံမစိုက်တော့ဘဲ ဝရုန်းသုန်းကား အပြေးအလွှား လိုက်ပါဝင်ရောက်လာကြသည်။

သူမဘေးမှ သို့ကလောက် ဝရုန်းသုန်းကား အခြေအနေ ဖြစ်ပျက်နေသဖြင့်, ဂျန်ဝုရှီအတွက် သတိမပြုမိဘဲ နေရန် မခက်ခဲပေ။ သူမက မိန်းကလေးတစ်ယောက် ဖြစ်သော်လည်း အဆင်ပြေသလို ယောက်ျားလေး အဝတ်အစားကို ဝတ်ဆင်ထားသည်။ သို့သော် သူမ၏ ခန္ဓာကိုယ်က သေးသွယ်သည်။ ထို့ပြင် သူမကို ဂျန်ဝုယောင်းက တစ်လမ်းလုံး နှစ်သက်မြတ်နိုးစွာ ဖက်တွယ်ထားသည်။ သူမဝတ်ထားသည့် အဝတ်အစားများကို အနီးကပ် သေချာ မကြည့်လျှင်, သူမ၏ လိင်ကို ခွဲခြားနိုင်မည် မဟုတ်ပေ။ သူမအဝတ်အစားများအရ သူမကို ယောက်ျားလေးဟူ၍သာ သတ်မှတ်နိုင်သည်။ သူမကိုသာ မိန်းကလေးမှန်း သိသွားကြလျှင် သူတို့နောက်မှ အနီးကပ် လိုက်လာသော အမျိုးသမီးများက သည်းမခံနိုင်စွာ ဆိုးဆိုးရွားရွား သူမအား ဆဲရေးကြလိမ့်မည်။

ဂျန်ဝုရှီ၏ လိင်ကို အတည်ပြုပြီးနောက် ဂျန်ဝုယောင်း၏ လိင်စိတ်ညွတ်ကိုင်းမှုကို သူတို့ အနည်းငယ် စိုးရိမ်မကင်းဟန် ဖြစ်လာကြသည်။ (လိင်တူ စိတ်ဝင်စားသူများလားလို့ စိုးရိမ်သွားကြသည်။) သို့သော် သူတို့က သဘောထားကြီးကြောင်း ပြသလာကြသည်။ ငယ်ရွယ်သော လုလင်ပျိုတစ်ယောက်၏ လက်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားသော ဂျန်ဝုယောင်းအား မသင့်လျော်တာ ဘာမျှ မရှိ, အားနည်းချိနဲ့သူမို့ သူ့အပေါင်းအသင်းအား လူပင်လယ်ကြီးအကြားမှာ ကာကွယ်ပေးတာသာ ဖြစ်မည်ဟူ၍ သူတို့ဘာသာ တွေးတော၍ ဆုံးဖြတ်ချက် ချလိုက်သည်။

ပါရမီရှင်သမားတော်(၂)Место, где живут истории. Откройте их для себя