၉၃၇။ ဆယ်ခု‌မြောက် ရိုက်ချက် (၁)

281 24 0
                                    

၉၃၇။ ဆယ်ခု‌မြောက် ရိုက်ချက် (၁)

သို့သော် လေ့ရှီအား လေ့ချန်ပေးထားသည့် ဆေးရည်ကြောင့် မိဖုရားကြီး၏ နောက်ဆုံးမျှော်လင့်ချက်ကား ပျက်စီးသွားရသည်။

‌လေ့ချန်က ဘာ့ကြောင့် ဒီလို လုပ်လိုက်မှန်း လေ့ရှီ နားမလည်နိုင် ဖြစ်နေသည်။

လေ့ချန်က သူနှင့် လေ့ဖန်ထံ အပြေးအလွှား လာ၍ ဝိုင်းရံထားသော နန်းစောင့်တပ်သားများကို ခေါင်းမော့ကြည့်လိုက်သည်။

သူက စိတ်ထဲမှပင် သူ့ကိုယ်သူ ခါးသက်သက် ရယ်မောမိသည်။

ဘုရင်ကြီးက ‌လေ့ဖန်၏ မေးဖွားခြင်းနှင့် ပတ်သက်သော လျှို့ဝှက်ချက်ကို မိဖုရားကြီးအိပ်ဆောင်မှာပင် မိဖုရားကြီးကိုယ်တိုင် ပြောနေတာကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။ သို့ပါလျက် လေ့ဖန်မျက်နှာကို အခြေတည်ပြီး လေ့ဖန်ကို ယုံကြည်ဖို့ ဆုံးဖြတ်ခဲ့သေးသည်။ သို့သော် မိဖုရားကြီးက သူ၏ မေးဖွားခြင်းနှင့် ပတ်သက်သော အနေအထားကို ထုတ်ဖော်ပြောချိန်မှာတော့, ဘုရင်ကြီးက နည်းနည်းလေးပင် သံသယမဝင်ခဲ့ပေ။ နည်းနည်းလေးပင် မတွန့်ဆုတ်ခဲ့, သံသယလေးဘာလေးထားပြီး ဟုတ် မဟုတ်ဆိုတာကိုပင် မဆုံးဖြတ်တော့ပေ။

မေးခွန်းမထုတ်ဘဲ, နည်းနည်းလေးပင် မစစ်ဆေးဘဲ အရာရာကို ယုံကြည်သွားခဲ့သည်။

မျှော်လင့်ထားသလိုပင်, ဘုရင်ကြီး၏ နှလုံးသားထဲမှာ သူက ဘာမှ မဟုတ်ချေ.

သားအဖကြားရှိ သံယောဇဉ်အနှောင်အဖွဲ့လေးကို သူ တမ်းတခဲ့သည်။ ရှိများ ရှိသလားဟူ၍။ သို့သော ဘုရင်ကြီးက အလွန်အမင်း သူ့အပေါ် နှလုံးသား ကင်းမဲ့လွန်းလှသည်။

နန်းစောင့်တပ်သားများက လေ့ချန်၏ ဘေးနားမှာ ရပ်လိုက်ကြသည်။ တစ်ခဏချင်းဖြင့် လေ့ချန်ကို တရွတ်တိုက် ဆွဲခေါ်သွားတော့မည်ပုံပင်။

သို့သော် ထိုအချိန်လေးမှာပင်, ရှင်းလင်း၍ အေးစက်သော အသံတစ်ခုက ခန်းမကြီးအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာလေ၏.

အရှင်မင်းကြီးက အပြတ်ရှင်းဖို့ အမိန့်ပေးလိုက်တာ တကယ့်ကို ဆုံးဖြတ်ချက် ပြတ်သားပြီး ညှာတာမှုကင်းမဲ့တာပဲ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now