၄၃၇။ "ခေါင်းမာသော လူ့အန္ဓ - ၅"

521 42 0
                                    

၄၃၇။ ခေါင်းမာသော လူ့အန္ဓ - ၅

လေညင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးရာထူးကို အမြဲတမ်း မိဘမှ သားသမီးသို့ လက်ဆင့်ကမ်း အမွေပေးခဲ့သည်။

လေညင်းကျောင်းတော်၏ အရင်ကျောင်းအုပ်ကြီးက ဖန်ချီနှင့် နင်ရူတို့၏ ဆရာဖြစ်သည်။ သူတို့ဆရာမှာ သားသမီး မရှိပေ။ သူက သူ့တပည့် ဖန်ချီအား ကျောင်းအုပ်ကြီးရာထူးကို ပေးအပ်ခဲ့သည်။

ရှေးရိုးအစဉ်အလာအရ ဖန်ဇို ရှိနေလျှင် ဖန်ချီက သူ၏ ကျောင်းအုပ်ကြီး ရာထူးကို ဖန်ဇိုအား အပ်နှင်းနိုင်သည်။ သို့သော် ဖန်ဇို မရှိတော့ပါက, မွေးစားသား ဖန်ဂျင် တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ သို့သော်ငြား လေညင်းကျောင်းတော်တွင် ဖန်ဂျင်၏ မြင့်မားလွန်းသော နာမည်ဂုဏ်သတင်းက ကျောင်းအုပ်ကြီးရာထူးကို အောင်အောင်မြင်မြင် အမွေဆက်ခံဖို့ တွန်းအား ဖြစ်နေသည်။

နင်ရူအနေဖြင့် ကျောင်းအုပ်ကြီးရာထူးကို လွှဲပြောင်းရယူဖို့ ဖန်ချီ၏ သားနှစ်ယောက်ကို ဖြစ်နိုင်သမျှနည်းလမ်းဖြင့် ဖယ်ရှားပစ်ရမည် ဖြစ်သည်။

သူမဖခင်၏ ရည်ရွယ်ချက်ကို ဖြတ်မြင်နိုင်သဖြင့် နင်ရှင်းက ဖြစ်နိုင်သမျှသော နည်းလမ်းများကို ပျော်ပျော်ကြီး အသုံးချချင်နေခြင်း ဖြစ်သည်။

နောက် နှစ်ပတ်ကြာရင် လိပ်ပြာသားရဲ အမဲလိုက်ပွဲရက် ရောက်ပြီ၊ အဲအချိန်ကျရင် တပည့်ကြီးတွေ အားလုံးက သူတို့ နည်းပြရတဲ့ တပည့်သစ်တွေကို တာဝန်ကိုယ်စီယူပြီး လိပ်ပြာသားရဲတောအုပ်ကို ခေါ်ဆောင်သွားကြရလိမ့်မယ်၊ ဂျန်ရှီက ဖန်ဂျင် တာဝန်ယူထားသူ၊ သူတို့ အတူတူ သွားကြရလိမ့်မယ်၊ ဖန်ဂျင်က အတော် အားကောင်းပေမဲ့, ဘာမှ မသိတဲ့ ငတုံးကောင်လေး သူ့နောက်က လိုက်ရမှာဆိုတော့ သူ စွမ်းအားပြည့် လုပ်ဆောင်နိုင်အုံးမှာလား, ကြည့်ရတာပေါ့ နင်ရှင်းက သူမနှုတ်ခမ်းကို လက်ဖြင့် ကွယ်၍ ခပ်ဟဟ ရယ်သည်။

ရူးမိုက်စွာ ဂျန်ရှီကို ရွေးချယ်ခဲ့သော ဖန်ဂျင်, ကိုယ့်ကိုယ့်ကိုပဲ အပြစ်တင်ရတော့မည်။

ဂျန်ရှီလို့ ခေါ်တဲ့ အဲကောင်လေးအကြောင်းကို နင် ဘယ်လောက် သိထားလဲ၊ သူက ဝန်ထုပ်ဝန်ပိုးဖြစ်တယ်, ဖန်ဂျင်အတွက် အရည်အချင်း မပြည့်မီဘူးဆိုတာ နင် ဘယ်လိုလုပ် အရမ်း သေချာနေတာလဲ နင်ရူက သိချင်စိတ်ဖြင့် မေးသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now