၇၃၇။ ရှစ်ခုမြောက် ရိုက်ချက် (၁၈)

396 46 0
                                    

၇၃၇။ ရှစ်ခုမြောက် ရိုက်ချက် (၁၈)

ဂျန်ဝုရှီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကြသည်။ သူမက ကျန်ရစ်ခဲ့သော လူသုံးယောက်ကို ကြည့်လိုက်သည်။ သူတို့ သုံးယောက်က ဂုယင်လိုပင် အလယ်ဘုံမှ လူများ ဖြစ်ရမည်။ ထို့ပြင် ထိုသုံးယောက်က တိမ်ထူတောင်ထွတ်များတွင် သူမ ရင်ဆိုင်ခဲ့ရသည့် အညိုရောင် ဝတ်စုံရှင်လောက် စွမ်းအားမကောင်းတာကို သူမ ပြတ်သားစွာ ခံစားမိသည်။ ထိုစဉ်တုန်းက ယဲ့ရှက အတင်းအကျပ် သူ့ကိုယ်သူ ဖောက်ခွဲခဲ့ရသည်။ သို့သော် သူတို့ သုံးယောက်က ဂုယင်ထက် ပိုမို သန်မာကြသည်။

ယဲ့ရှက ဂုယင်ကို အနိုင်ယူဖို့ ယုံကြည်ချက်ရှိသည်။ သို့သော် သုံးယောက်တစ်ယောက် တိုက်ခိုက်ရလျှင်တော့.....

ကျနော်တို့ရဲ့ ဂုဏ်ကြီးမြင့်တဲ့ သံတမန်တွေ နောက်ဆုံးတော့ အချိန်မီ ရောက်လာကြတာပဲ နင်ရူက ထိုလူများကို မြင်ရချိန်မှာ လည်ချောင်းမှာ တစ်ဆို့ဆို့ ဖြစ်သော သူ့နှလုံးသားက ငြိမ်ကျသွားလေ၏။ သူက အကြီးအကဲထံသို့ အပြေးအလွှား မသွားရုံတမယ်ပင်။ သူက အခုထိ တုန်လှုပ်ချောက်ချားမှု မပျက်ပျယ်သေးပေ။

ခေါင်းဆောင်က နင်ရူကို ကြည့်၍ အေးစက်စက် လေသံဖြင့် မေးသည် ဒီမှာ ဘာဖြစ်ခဲ့တာလဲ။

နင်ရူက အဆောတလျင် ပြန်ဖြေသည် သခင်လေးဂုနဲ့ ကျနော်က တပည့်တွေအကုန်လုံး မိုးကောင်းကင်အဆုံး ချောက်နက်ကို ခေါ်သွားမလို့ ပြင်ဆင်နေတာပါ၊ ဒါပေမဲ့ ဂျန်ရှီက ရုတ်တရက် ရောက်လာပြီး ကြားဝင်ဟန့်တားခဲ့ပါတယ်၊ သခင်လေးဂုလည်း ဒဏ်ရာရသွားခဲ့ပါတယ်။

ခေါင်းဆောင်က အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သူ့အကြည့်ကို ဂျန်ဝုရှီသို့ ရွှေ့လိုက်သည်။ သူမက အေးစက်စက် အမူအရာသာ ရှိနေသည်။ ဂုယင်က သူတို့အား ဝိညာဉ်ကုစားခြင်း နည်းစနစ်အကြောင်းကို စာရေး၍ အကြောင်းကြားခဲ့သည်။ ၎င်းနည်းစနစ်နှင့် ပတ်သက်သည့် အရေးအကြီးဆုံး လူများက ဂူလီရှန်နှင့် ဂျန်ရှီတို့ ဖြစ်သည်။ ဂုယင် မေ့မြောမသွားခင် ဂျန်ရှီကို သူတို့နှင့် အတူ ခေါ်‌ဆောင်လာခဲ့ရန် ပြတ်သားစွာ ပြောဆိုခဲ့သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now