၄၁၀။ "အသရေဖျက်ခြင်း - ၂"

600 46 0
                                    

၄၁၀။ အသရေဖျက်ခြင်း - ၂

ဂျန်ဝုရှီက သူမရှေ့မှာ ဇာတ်လမ်းခင်းနေတာကို အေးစက်စက် ကြည့်လိုက်သည်။ လီဇီမုက အတော်ပင် သရုပ်ဆောင်ကောင်းသည်။ အပြင်ပန်းအားဖြင့် သူက ကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် လုပ်နေသယောင် ဖြစ်သည်။ တကယ်တန်းကျတော့ သူ့ပြောဆိုချက်မှန်သမျှက ဂျန်ဝုရှီအား ပိုမို၍ ပြစ်တင်ရှုတ်ချနေခြင်းသာ ဖြစ်သည်။

သူ့စကားရပ်တိုင်းက ဂျန်ဝုရှီအား စုတ်ပြတ်အောင် နွှာနေခြင်း ဖြစ်သည်။ သူနှင့်သာ ထိုက်တန်သည့် ဝိညာဉ်ကုစားဌာနကို ခိုးသူ၊ လုယက်သူဟူ၍ ဂျန်ဝုရှီအား စွပ်စွဲပြောဆိုနေခြင်းသာ ဖြစ်သည်။

၎င်းနည်းလမ်းဖြင့် ဖျောင်းဖျပြောဆိုနေခြင်းက သက်ရောက်မှု ရှိမှာမဟုတ်သော်လည်း ဂျန်ဝုရှီအား ပိုမို၍ ဂုဏ်ပျက်စေပြီး သူ့ကိုယ်သူတော့ ပိုမို၍ ဂုဏ်ရောင် ပြောင်စေသည်။

ထိုအခိုက်တွင် လူငယ်များက ဂျန်ဝုရှီကို ဝိုင်းထားကြသည်။ ထမင်းစားခန်းရှိ လူငယ်များကလည်း ၎င်းပြပွဲကို ကြည့်နေကြသည်။ မည်သူ တစ်စုံတစ်ယောက်ကမျှ ဂျန်ဝုရှီအတွက် ရှေ့ထွက် ပြောမလာကြချေ။

ထိုလူငယ်အုပ်စု ပြောဆိုနေခြင်းက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ တခြားတပည့်များအတွက် သူတို့ ကိစ္စ နည်းနည်းလေးမျှ မဟုတ်ကြဟူ၍ ခံယူထားကြသည်။

ဖယ်စမ်း ဂျန်ဝုရှီက မတ်တပ်ရပ်၍ သူမအား တားဆီးထားသည့် လူငယ်များအား အေးစက်စက် စိုက်ကြည့်လျက် ပြောသည်။

ဂျန်ဝုရှီ၏ အကြည့်က လူငယ်များအား နေရာမှာတင် အေးစက်တောင့်တင်း သွားစေသည်။ တစ်စုံတစ်ယောက်၏ ထိုမျှလောက် အေးစက်မာကြောသည့် မျက်လုံးများကို သူတို့ တစ်ခါမျှ မတွေ့မြင်ဖူးကြချေ။ ၎င်းမျက်လုံးများက သူတို့ကို ရေခဲရေထဲ စိမ်နှစ်လိုက်သလို အရိုးထဲထိ စိမ့်ခနဲ ဖြစ်သွားစေနိုင်ကြသည်။

သို့သော် ခဏအကြာမှာ သူတို့ စိတ်ကို သူတို့ ပြန်လည် ထိန်းထားနိုင်လာကြပြီး ကိုယ့်ကိုယ်ကို အားတက်အောင် လုပ်ယူလိုက်ကြသည်။

သူက ငပိန်လေးပဲလေ၊ သူတို့က လူအများကြီးပဲဟာ၊ ဘာလို့ ကြောက်နေကြရမှာလဲ။

ပါရမီရှင်သမားတော်(၂)Место, где живут истории. Откройте их для себя