၅၆၉။ သတ်ဖြတ်သူ လူငယ် - ၁

566 58 1
                                    

၅၆၉။ သတ်ဖြတ်သူ လူငယ် - ၁

နှစ်သိန်းက လေလံအခြေခံဈေးနှုန်းဖြစ်ပြီး ဈေးနှုန်းက ရူးသွပ်ဖွယ် အမြန်နှုန်းဖြင့် တက်လာလေ၏။

ဈေးနှုန်းတက်လာခြင်းက တစ်ခါမှ မဖြစ်ဖူးသော အနေအထား ဖြစ်သည်။

ပထမဆုံး ဆောင်းခိုဈေးနှုန်းက ငါးသိန်းအထိ ရောက်ရှိသွားလျှင် လေလံပေးခြင်းက စတင် နှေးကွေးလာသည်။

ဆေးလုံးတစ်လုံးအတွက် ငါးသိန်းက ဈေးအလွန်ကြီးသော ဆေးလုံးများတန်ဖိုးသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ အရင်တုန်းက ချင်းယန်ကလန် ထုတ်လုပ်ခဲ့သော ဆေးဈေးနှုန်းသည်သာ ၎င်းဈေးနှုန်းအထိ တောင်းဆိုမှု ရှိခဲ့သည်။

နောက်ထပ် ဆက်တက်လာလျှင် ဈေးနှုန်းက ဒီနေရာမှာ ရှိသော လူများ တတ်နိုင်သည်ထက် ကျော်လွန်သွားလိမ့်မည်။

လေလံပစ်သူက လေလံဆက်တက်မလာတော့မှာကို သိသဖြင့် နောက်ဆုံးအနေဖြင့် သုံးကြိမ် ဆက်တိုက်‌အော်ကာ တူဖြင့် ရိုက်ဖြင့် ချိတ်ပိတ်မည် ဟန်ပြင်စဉ် ရှင်းလင်းသော အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

တစ်သန်း

၎င်းအသံက ဒုတိယထပ်ရှိ သီးသန့်အခန်းထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းအသံ ထွက်ပေါ်လာသည်နှင့် အသံထွက်ပေါ်ရာသို့ လူတိုင်း မော်ကြည့်လိုက်ကြသည်။

သီးသန့်အခန်းထဲတွင် ဆွဲဆောင်အားကောင်းသော ရုပ်သွင်ဖြင့် လူလေးယောက် ထိုင်နေကြသည်။ သူတို့က တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ ဈေးနှုန်းပြောလိုက်သူက အငယ်ဆုံး လူငယ် ဖြစ်သည်။ သူက အသက် ၁၅နှစ်၊ သို့မဟုတ် ၁၆နှစ်လောက်သာ ရှိသည်။ သူက ချောမောသော လူငယ်ဖြစ်ပြီး အသက်ရှူမှားလောက်သော ရုပ်ရည်ရှိသည်။ သို့သော်ငြား သူ၏ တော်ဝင်ဆန်သော ဟန်အမူအရာက သူ ရပ်နေသော မြေကိုပင် မတော်မလျော် မလုပ်ဝံ့‌အောင် ကြောက်ရွံ့ထိတ်လန့်စေသည်။

ဆွဲဆောင်အားကောင်းသော လူငယ်က မြေညီထပ်ရှိ လူအားလုံးကို မျက်လုံး ဝေ့ကြည့်သည်။ သူ့အကြည့်က အထင်သေးခြင်း အပြည့်ဖြစ်နေသည်။ သူ့အကြည့်ကြောင့် လူတိုင်း၏ နှလုံးသားများ တုန်ယင်သွားကြသည်။

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ