၆၀၂။ ၇ခုမြောက် ရိုက်ချက်-၉

553 53 0
                                    

၆၀၂။ ၇ခုမြောက် ရိုက်ချက်-၉

ယင်ယန် နောက်ပြန် ထိုင်ကျသွားသည်။ သူ့မျက်နှာမှာ စိတ်ဓာတ်ကျခြင်း, မယုံနိုင်ခြင်းများ ဖြစ်ပေါ်လာသည်။ သူက နင်ရှင်းကို တစ်ခါမှ မမြင်ဖူးသလို ပြူးကြောင်ကြောင်ဖြင့် ကြည့်လိုက်သည်။

သူ့မျက်စိရှေ့ရှိ မိန်းကလေးက စိတ်ရော ကောင်းသေးရဲ့လား၊ အမကြီး နင်ရော ဟုတ်သေးရဲ့လား၊ သူမက သူ့ကို အသူတရာ နက်သော ချောက်ထဲ တွန်းချရက်သတဲ့လား။

နင်ရှင်း၏ စွပ်စွဲပြောဆိုချက် စကားလုံးတိုင်းက သူ့ကို ချောက်စွန်းသို့ တကယ်ပင် တွန်းပို့ခဲ့သည်။

ထိုအခိုက်မှာ လောင်ချီက ဂျန်ဝုရှီ၏ မျက်လုံးအမူအရာကို မြင်၍ ခြေတစ်လှမ်းတည်းဖြင့် ရှေ့သို့ တက်လှမ်းပြီး လက်ကို ဆန့်တန်းလိုက်သည်။ သူက ယင်ယန်ကို ဆွဲကိုင်ရန် ရည်ရွယ်သည်။

ယင်ယန်က အမြန်အဆန် စိတ်ပြန်လည်လာပြီး လေးဘက်ထောက်လျက် နောက်သို့ ဆုတ်သွားသည်။

ဒါ ငါ မဟုတ်ဘူး၊ ငါ မဟုတ်ဘူး၊ အမကြီး နင်, ဘာလို့ နင် ငါ့အပေါ် ဒီလို လုပ်ရတာလဲ၊ ငါ အမြဲတမ်း နင့်စကားကို နှိမ့်နှိမ့်ချချနဲ့ နားထောင်ခဲ့တယ်လေ၊ နင်ပဲ ငါ့ကို ဂျန်ရှီ့အကြောင်း ကောလာဟလတွေကို ပက်ပက်စက်စက် ပျံနှံ့သွားအောင် လုပ်ခိုင်းခဲ့တာလေ၊ ဂျန်ရှီ့နာမည်ပျက်သွားအောင် လီဇီမုကို သွေးထိုးခိုင်းခဲ့တာ နင်လေ၊ ငါက နင်ပြောခဲ့တဲ့ အတိုင်း လိုက်လုပ်ပေးခဲ့ရတာလေ၊ အဲဒီနောက်ပိုင်း ဖန်ဂျင်ကို အရေးမသာအောင် ဂျန်ရှီရဲ့ နာမည်ပျက်ကို အသုံးချခိုင်းခဲ့တာ နင်လေ၊ ငါက နင်ပြောတဲ့အတိုင်း လိုက်လုပ်ပေးခဲ့ရတာလေ၊ ဘာလို့ အခု ငါ့ကို ဒီလို လုပ်ရတာလဲ၊ ငါ ဒီတစ်ချိန်လုံး နင့်အပေါ် သစ္စာရှိခဲ့တယ်လေ။

ယင်ယန်က အလွန်ကြောက်လန့်သွားပြီး ထိုမကောင်းမှုအားလုံးကို လုပ်ဆောင်ရန် နင်ရှင်း သူ့အား အမိန့်ပေးခဲ့သမျှကို ဂရုမစိုက်တော့ဘဲ ဖော်ထုတ်ပြောဆိုတော့သည်။

သူ ကြောက်လန့်နေသည်။ သူ နက်နက်ရှိုင်းရှိုင်း ကြောက်လန့်ခဲ့သည်။ တိုက်ပွဲတောအုပ်တွင် သူ့သတ္တိများ လုံးဝ ပျောက်ဆုံးသွားခဲ့သည်။ လေညင်းကျောင်းတော်သို့ ပြန်လာပြီးသည့် နောက်ပိုင်း, သူ့သတ္တိများ ဆုံးရှုံးသွားတာကို သူ သိရှိသွားခဲ့သည်။ ဂျန်ရှီကို မြင်တိုင်း မည်သို့ ထုတ်ဖော်ပြောရမှန်း မသိသော ကြောက်ရွံ့ခြင်းက သူ့အား လွှမ်းမိုးသွားတာကို သူ သိရှိသွားခဲ့သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now