၂၄၀။ "အားလုံး နင့်အတွက် - ၂"

1.4K 104 1
                                    

၂၄၀။ “အားလုံး နင့်အတွက် - ၂”

ကတိပေးထားသည့် အတိုင်း ဂျန်ဝုရှီက ချင်ယုယန်နောက်ဘက်တွင် အဆိပ်ဖြေဆေးများကို ချန်ထားရစ်သည်။ တူးချစ်နေသည့် အမှုန့်ပုံ, ပုလင်းအပိုင်းအစများမှ ခွဲခြမ်းစိတ်ဖြာ၍ ယူရုံသာ ရှိသည်။

ချင်ယုယန် နာကျင်ခံစားမှု မရှိချိန်မှာ ဖြစ်နေရင်တောင် အမှိုက်ပုံထဲမှ ခွဲခြားထုတ်ယူဖို့ မဖြစ်နိုင်ပေ။

ချင်ယုယန်၏ မျှော်လင့်ချက် အရိပ်အယောင်လေးက နောက်တစ်ခဏတွင် လုံးဝ ပျောက်ကွယ်သွားလေပြီ။ သူမက စိတ်ပျက်ညှိုးငယ်ခြင်း ချောက်နက်ထဲသို့ နက်နက်ရှိုင်းရှိုင်း ကျရောက်သွားရလေပြီ။

အမြင့်ဆုံး တိမ်တိုက်မှ အနိမ့်ဆုံး မြေကြီးပေါ်မှ ရွံ့နွံထဲ ပြုတ်ကျသွားသလို ကွဲပြားခြားနားပြီး အရာမထင်သည့် အနေအထားကို သူမ ခံစားလိုက်ရသည်။ ချင်ယုယန်က ဖွတ်ဖွတ်ညက်ညက် ကြေကွဲသွားရပြီး ကွေးကောက်၍ လှဲနေကာ ကြိတ်မှိတ်ခံစားနေရလေပြီ။

အဆိပ်က မချိမဆံ့နာကျင်ခံစားရခြင်းကို ယူဆောင်လာခဲ့ပြီး သူမခန္ဓာကိုယ်ကို ဖျက်ဆီးလာသည်။ ဂျန်ဝုရှီ၏ ပြက်ရယ်ပြုခြင်းက ချင်ယုယန်၏ မျှော်လင့်ချက်နှင့် စိတ်စွမ်းအားကို လုံးလုံး ခြေမွှဖျက်ဆီးလိုက်သည်။

ဂျန်ဝုရှီက အသက်ကယ်ကြိုးကို ‌ပေးတာလား...

အိပ်မက် မက်နေလိုက်...

မိုချင်းယွမ်၏ အနေအထားကို တွေ့မြင်ပြီးနောက်, ဂျန်ဝုရှီက သူမကို အသက်ရှင်လျက် အရေခွံဆုတ်ပစ်နေသည်။

ဂျန်ဝုရှီက အချိန်ယူကာ အားစိုက်ထုတ်ပြီး မိုချင်းယွမ်ကို ကျန်းမာရေးကောင်းသည့် လူစားမျိုးဖြစ်အောင် ပြုစုပေးခဲ့ရသည်။ ဒါကို ချင်ယုယန်က တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့သည်။ ဒီတော့ သူမက အဆများစွာ ပြန်ပေးဆပ်ရမည်ပေါ့။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now