၅၂၄။ မုန်တိုင်းထန်ခြင်း- ၃

631 46 4
                                    

၅၂၄။ မုန်တိုင်းထန်ခြင်း- ၃

လီဇီမုက ဒီဟာသဇာတ်လမ်းကို တီထွင်ပြီး ယင်ယန်က အလှည့်စားခံလိုက်ရတယ်, ဒါက တကယ့် ဖြစ်ရပ်မှန်ပဲ။ နင်ရူက နင်ရှင်းကို အဓိပ္ပါယ်ပါပါ ကြည့်၍ ပြောသည်။

နင်ရှင်း မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ကျေနပ်စွာ ပြုံးလိုက်သည်။

ဖေဖေဆိုလိုတာက ယင်ယန်က ဂျန်ရှီကို တောင်းပန်ရမယ်ပေါ့။

နင်ရူက ကျေနပ်စွာ ခေါင်းညိတ်ပြသည်။ ဒီတစ်ကြိမ်, ထပ်မကျရှုံးစေတော့နဲ့၊ နို့မို့ဆို ငါ နင့်ကို လုံးဝ စိတ်ပျက်သွားရလိမ့်မယ်။ နင်ရူ၏ တင်းမာပြတ်သားသော အကြည့်က နင်ရှင်းထံ ကျရောက်လာသည်။ နင်ရူ့မျက်လုံးများက အေးစက်စက် ဖြစ်သွားသည်။ နင်ရှင်းက ၎င်းအေးစက်ခြင်းကို ခံစားမိသည်။ သူတို့က သွေးသားတော်စပ်သော သားအဖ ဖြစ်သော်လည်း နင်ရှင်းက သူ့အဖေကို အလွန်အမင်း ကြောက်ရွံ့နေဆဲပင်။

သမီး စိတ်မပျက်စေရပါဘူး... နင်ရှင်းက တံတွေးမျိုချမိသည်။ သူမက စိတ်ချစေရန် အမြန်အဆန် ပြောလိုက်သည်။

သို့သော်ငြား ကိစ္စရပ်များက နင်ရှင်းနှင့် နင်ရူတို့ စီမံထားသည့် အတိုင်း ဖြစ်မလာကြချေ။

နင်ရူက လူဝေဂျိုင်နှင့် တခြားကျောင်းသား အယောက်နှစ်ဆယ်ကို သူ့သမီး၏ ဘေးဒုက္ခကို သက်သာစေရန် ကြားခံအနေဖြင့် အသုံးချရန် ရည်ရွယ်ခဲ့သည်။ သူမ၏ အစစ်အမှန်လုပ်ရပ်ကို ကာကွယ်ဖို့ လူဝေဂျိုင်တို့ အုပ်စုကို နှင်ထုတ်ခဲ့သည်။

သို့သော်...

နင်ရှင်း သူ့အား လျှို့ဝှက်ထားခဲ့သော အစိတ်အပိုင်းတစ်ခု ရှိနေတာကို နင်ရူ မသိခဲ့ပေ။ ဒါက သူမကိုယ်ကို ကာကွယ်ဖို့ နင်ရှင်းက ယင်ယန်ကို ခေါ်၍ လူဝေဂျိုင်တို့အုပ်စုကို အသက်ဆုံးရှုံးသွားစေရန် တောအုပ်ထဲမှာ ဒီအတိုင်း ပစ်ထားခဲ့ခြင်းပင် ဖြစ်သည်။

အခြေအနေကို သုံးသပ်ရလျှင် လူဝေဂျိုင်က နင်ရှင်းအတွက် အမှန်တရားကို ဖုံးကွယ်ထားမည် မဟုတ်ပေ။ အထူးသဖြင့် နင်ရှင်းနှင့် ယင်ယန်က အပြစ်ပေးမခံရသဖြင့် မည်သည့် ထိခိုက်မှုမျှ မရှိစဉ် သူတို့က ကျောင်းတော်မှ နှင်ထုတ်ခံလိုက်ရသောကြောင့် ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now