၄၉၉။ "အိမ်လွမ်းနာ-၂"

617 50 0
                                    

၄၉၉။ အိမ်လွမ်းနာ-၂

ဆရာမုက ကျနော်တို့ခန္ဓာကိုယ်ကို အတော့်ကို အရေးစိုက်ပေးတယ်၊ ကျနော်တို့ အတွက် သင့်တော်တဲ့ ဆေးလုံးစမ်းသပ်နိုင်ဖို့ ရူလင်းစစ်သားဆယ်ယောက်ကိုလည်း မြို့စားကြီးက စီမံပေးထားတယ်။ လောင်ချီ့စကားသံက တည်ငြိမ်သည်။ သို့သော် ဆရာမုအပေါ် အလွန်တရာ လေးစားမှုကို မဖုံးကွယ်ထားနိုင်ပေ။

ဂျန်ဝုရှီက ရုတ်တရက် မျက်ခုံးပင့်မိသွားသည်။

ရူလင်းစစ်တပ်ဆိုတာ သူမ၏ ဂုဏ်ယူစရာ, ကျေနပ်စရာ ဖြစ်သည်။ စစ်သားတစ်ယောက်စီတိုင်းက တန်ဖိုး မြင့်လွန်းသည်။ ဒီခန္ဓာကိုယ်၏ မူရင်းပိုင်ရှင်သည်ပင် ရူလင်းစစ်တပ်မှ စစ်သားတစ်ယောက်တစ်လေကိုမျှ လှုပ်ရှားဆောင်ရွက်စေဖို့ အခွင့်အာဏာ မရရှိခဲ့ပေ။ ထိုသို့ တန်ဖိုးထားသော ရူလင်းစစ်သားများကို ဂျန်ရှင်းယန်က တခြားတစ်စုံတစ်ယောက်အား လှုပ်ရှားဆောင်ရွက်စေဖို့ မည်သို့ အခွင့်အာဏာ ပေးအံ့နည်း။ သို့သော် သူက မုချန်အား လွတ်လွတ်လပ်လပ် စီမံဆောင်ရွက်ခွင့် ပေးထားလေ၏။ သို့အတွက် ဂျန်ရှင်းယန်က မုချန်အား အလွန်ယုံကြည်မှန်း သိသာသည်။

ဂျန်ရှင်းယန်၏ တုံ့ပြန်ပုံအရ, မုချန်က ဂျန်ဝုရှီအား တိမ်ထူတောင်ထွတ်တွင် ပေးထားသော ကတိကို တကယ် တည်အောင် လုပ်နေတာကို သူမ သိလိုက်ရသည်။

မုချန်က တကယ် ကတိသစ္စာတည်သော ယောက်ျားကောင်းတစ်ယောက် ဖြစ်သည်။

ဖိုးဖိုးနဲ့ ဦးလေး.... သူတို့ အဆင်ပြေကြရဲ့လား သူမနှလုံးသားတွင် ဖိနှိပ်ထားရသော မေးခွန်းဖြစ်သည်။ ၎င်းမေးခွန်းကို သူမ မေးချင်သော်လည်း တွန့်ဆုတ်ကာ ရှည်ကြာသွားသည်။ ဂျန်ဝုရှီက အတော်ကြာအောင် တိတ်ဆိတ်ပြီးမှ ဒီမေးခွန်းကို သိမ်းမထားနိုင်တော့ဘဲ မေးလိုက်ခြင်း ဖြစ်သည်။

အိမ်လွမ်းနာက မည်သို့မှန်း သူမ မတွေ့ကြုံစဖူး, သိလည်း မသိပေ။ လင်းအိမ်တော်မှ ထွက်လာပြီးမှ ၎င်းအိမ်လွမ်းနာကို ခံစားဖူးခြင်း ဖြစ်သည်။

ဂျန်ရှင်းယန်၏ ကြင်နာမြတ်နိုးသော အပြုံးကို သူမ လွမ်းသည်။ ဂျန်ချင်း၏ အားပါးတရ ရယ်မောခြင်းကို လွမ်းသည်။ ၎င်းအကြောင်းကို မစဉ်းမိအောင် ကြိုးစားသော်လည်း သူမစိတ်ထဲ အမြဲလိုလို ပေါ်လာတတ်သည်။

ပါရမီရှင်သမားတော်(၂)Où les histoires vivent. Découvrez maintenant