၆၂၅။ ပြဿနာဖိတ်ခေါ်ခြင်း - ၂

420 43 0
                                    

၆၂၅။ ပြဿနာဖိတ်ခေါ်ခြင်း - ၂

နင်ရူက သတိထားပြီး ခေါင်းမော့ကြည့်သည်။ သူ့နှလုံးသားမှာ အဆုံးမဲ့ စိုးရိမ်ပူပန်ခြင်း ရှိနေသော်လည်း, သူ မျက်စိ မကစားရဲချေ။ သူ့ရှေ့ရှိ လူငယ်က သူ့သမီးနှင့် သက်တူရွယ်တူလောက် ရှိသော်လည်း အလွန် ကြမ်းကြုတ် ရက်စက်သူ ဖြစ်မှန်း သူ သတိထားမိသည်။

သူ့အတွက် လူတစ်ယောက်ကို သတ်ဖြတ်ပစ်ခြင်းက ထမင်းစား ရေသောက်လိုသာ ဖြစ်သည်။ အနည်းငယ်မျှ မသက်မသာ အနေအထား သူ့မှာ ရှိမနေချေ။

နင်ရူသည်ပင် ဂုယင်ရှေ့မှာ ပိုင်စိုးပိုင်နင်း မလုပ်ရဲချေ။

ကနေ့ ဒီမှာ တခြားသခင်ကြီးလည်း ရှိနေမလားလို့ ကျနော် သိချင်မိတယ် နင်ရူ ပြောသည်။ သူ့အသံက ခယလွန်းသည်။

ဂုယင်က ရယ်မောလျက် ဝရံတာမှ ခုန်ဆင်းသည်။ သူ၏ သွက်လက်လျင်မြန်သော ခန္ဓာကိုယ်က ရုတ်တရက် နင်ရူ၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။ ထက်မြိနေသော ဓားမြှောင်က နင်ရူ၏ လည်ပင်းကို ထောက်ထားသည်။ ဓားဦးချွန်က နင်ရူ၏ အရေပြားထဲ ထိုးစိုက်သွားသည်။ လည်ပင်းမှ သွေးတစ်စက် ကျဆင်းလာလေ၏။

နင်ရူ၏ နှလုံးက တဒိန်းဒိန်း ဖြစ်သွားသည်။ ဂုယင်က အရမ်း မြန်လွန်းပြီး သူ့ရှေ့သို့ ရောက်လာချိန်ကိုပင် နင်ရူ မမြင်လိုက်ရချေ။

ဘာလဲ, ခင်ဗျား ကျုပ်ကို မပြောချင်တဲ့ တစ်ခုခု ရှိနေတာလား နင်ရူ၏ ထိတ်လန့်ဟန်က ဂုယင်မျက်လုံးထဲ ပေါ်လွင်လာသည်။ သူ့နှာခေါင်းဝသို့ သွေးနံ့တက်လာလျှင် ဂုယင်က ပိုမို၍ သဘာဝမကျစွာ စိတ်လှုပ်ရှားလာသည်။

မ... မဟုတ်ပါဘူး, ဘာလို့ ရှိရမှာလဲ နင်ရူ ချွေးအေးများ စိုရွှဲသွားသည်။ သူ့သမီးအတွက် လက်စားချေလိုစိတ်သာ မရှိလျှင်, ဒီလို မိစ္ဆာဆန်သော အုပ်စုနှင့် ဆက်သွယ်ဖို့ သူ လာရဲမည် မဟုတ်ပေ။

နင်ရူက ဂုယင်နှင့် သူ့လူများ ရှေ့မှာ အငြိုးသိုသော အမူအရာ မပြဝံ့ပေ။ သူတို့အား ကြောက်လန့်ခြင်းသာ သူ့စိတ်ကို လွှမ်းမိုးထားသည်။

ဂုယင်က မျက်ခုံးများပင့်၍ သူ့ခြေထောက်ကို မြှောက်လိုက်သည်။ နင်ရူက ခြေထောက်ဖြင့် အဖိခံလိုက်ရ၍ မြေပြင်ပေါ် ညွတ်ကျသွားသည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora