၉၀၇။ နန်းစောင့်တပ်(၄)

225 14 0
                                    

၉၀၇။ နန်းစောင့်တပ်(၄)

ယွမ်ပြောင်က ကြောက်လန့်တကြား ငိုကြွေးပြသော ဖေးယန်ကို အားရကျေနပ်စွာ ကြည့်ပြီး သူ့ဓားကို ဖြည်းဖြည်းချင်း ပြန်သိမ်းလိုက်သည်။

ဂျန်ရှီကို သူ့ပြစ်မှုအတွက် ဖမ်းမမိခင်, မင်းတို့အားလုံး ဒီတည်းခိုအိမ်ကနေ ထွက်ခွာခွင့် မရှိဘူး၊ နန်းတွင်းတပ်သားတွေက ဒီနေရာကို နေ့နေ့ညည စောင့်ကြပ် ကြည့်ရှုထားလိမ့်မယ်၊ မင်းတို့ ကိုယ့်သဘောအလျောက် ထွက်ခွာဖို့ စဉ်းစားမယ်ဆိုရင်, မညှာမတာ လုပ်လို့ ငါတို့ကို အပြစ်မတင်ကြနဲ့။

ယွမ်ပြောင်က ပြင်းပြင်းထန်ထန် သတိပေး ပြောကြားပြီးနောက် နန်းစောင့်တပ်သားများနှင့် အတူ ဒုတိယထပ်မှ ထွက်ခွာသွားသည်။ တည်းခိုအိမ် အပြင်သို့ ရောက်လျှင် သူက သူ့လူများကို တည်းခိုအိမ် အတွင်းအပြင် နေရာမလပ် စောင့်ကြပ်ထားဖို့ ညွှန်ကြားလေ၏။

ကျောက်ချူနှင့် တခြားလူများက အလွန်အမင်း ထိတ်လန့်နေသော ဖေးယန်ကို အခန်းထဲ တွဲခေါ်သွားကြသည်။ အခန်းတံခါးကို တင်းကျပ်စွာ ပိတ်ပြီးချိန်မှာတော့ ဖေးယန်က သူ့ကို ကိုင်ထားသော ကျောက်ချူကို ပုတ်ထုတ်လိုက်သည်။ ထိုင်ခုံပေါ် ခြေတစ်ဖက်တင်၍ ပြူတင်းပေါက်ကို လက်ညှိုးထိုးပြီး ယွမ်ပြောင်ကို ပယ်ပယ်နယ်နယ် ဆဲလေ၏ ခွေးကောင်, မင်းကများ ဒီသခင်လေးကို ခြိမ်းခြောက်ရဲတယ်ပေါ့၊ မင်းကို ရက်နည်းနည်းလောက် အသက်ရှင်သန်ခွင့် ပေးလိုက်အုံးမယ်၊ ပျော်ထားအုံး၊ ဒီကိစ္စတစ်ခုလုံး အဆုံးသတ်သွားရင်, မင်းကို အမလေးတသွားအောင် ရိုက်နှက်ပစ်မယ်။

အစောတုန်းက သူက လုံးလုံး အားနည်းချည့်နဲ့သော လှပသော မိန်းမငယ်လေးလို ဖြစ်ခဲ့သည်။ သူ့ပါးစပ်ကို ဖွင့်လိုက်သည့် ခုအခိုက်အတန့်မှာတော့ သူက မယဉ်မကျေး ရိုင်းစိုင်းသော ဓားပြနှင့်ပင် တူနေလေ၏။

ယန်လေး, မင်းရဲ့ သရုပ်ဆောင် အရည်အသွေးက အရမ်းအရမ်း ပြောင်မြောက်လာပြီပဲ ကျောက်ချူက ဖေးယန်ကို တလေးတစား ကြည့်လျက် ပြောသည်။ ဖေးယန်ကို မိန်းကလေးလို နုနုရွရွ ဝတ်စားဆင်ယင်ထားတာကို ကြည့်ပြီး ဆုံးဖြတ်လို့ မရပေ။ ထိုကောင်၏ ဝမ်းတွင်းပါ စရိုက်က မသတီစရာကောင်းသော, အရှက်ကင်းမဲ့သော ဓားပြနှင့်ပင် တူလေ၏။ အားနည်း၍ ကူကယ်ရာမဲ့သော မိန်းကလေးလို ဟန်ဆောင်ထားသော ဖေးယန်ကို ရှားရှားပါးပါး တွေ့မြင်ရ၍ ကျောက်ချူက တစ်ချိန်လုံး စိတ်ထဲမှ ယားကျိကျိဖြင့် ရယ်မောနေခဲ့သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now