၅၂၆။ ရုတ်တရက် ဖော်ရွေလာခြင်း-၁
လူဝေဂျိုင်က လောင်ချီအား ဖြစ်ရပ်အမှန် အသေးစိတ်ကို ပြောပြထားပြီး ဖြစ်သည်။ နင်ရှင်းက အယောက်နှစ်ဆယ်ကျော် ကျောင်းသားများအား နှင်ထုတ်ခြင်းကို အသုံးချပြီး ၎င်းဖြစ်ရပ်မှန်ကို ဖယ်ထုတ်ပစ်ဖို့ ရည်ရွယ်ထားလျှင်, သူတို့ကို လောင်ချီ ယုံမည်လားဟု သူတို့ ကြည့်ရတော့မည်။
ငါ ကနေ့ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောပါ့မယ်၊ ငါနဲ့ ငါ့ညီအကိုတွေ ခုကစပြီး လေညင်းကျောင်းတော်နဲ့ အဆက်ဖြတ်တယ်၊ လေညင်းကျောင်းတော်က အလိမ်အညာကို ကျင့်သုံးတယ်၊ ရောင်းရင်းတို့, ငါ လူဝေဂျိုင်က သူတို့ရဲ့ စိတ်ကူးပေါက်ရာ လုပ်ရပ်နဲ့ ပတ်သက်ပြီး မခယဘူး၊ ငါ ရှင်းရှင်းပြောပါ့မယ်၊ ကနေ့ ငါနဲ့ ငါ့ညီအကိုတွေ လေညင်းကျောင်းတော်ကနေ နှင်ထုတ်ခံရလို့ ဒီစကားမျိုးကို ပြောတာမဟုတ်ဘူး၊ တကယ်တော့ ဒီလို ညစ်ပတ်နေတဲ့ အမှိုက်လို ကျောင်းမှာ တည်ရှိနေဖို့ ငါတို့ မရွေးချယ်တော့တာ လူဝေဂျိုင်က ခပ်ပြတ်ပြတ် ပြော၍ ကျောခိုင်းကာ ထွက်ခွာသွားလေ၏။ နောက်ကို လုံးဝ လှည့်မကြည့်တော့ပေ။
သူနှင့် အတူတူ နှင်ထုတ်ခံရသော ကျောင်းသားများလည်း လှည့်ထွက်သွားကြသည်။ လေညင်းကျောင်းတော်ရှိ ကျောင်းသားများမှာ မြောက်မြားစွာသော မေးခွန်းများ သုံးသပ်ချက်များ ကျန်ရစ်ကုန်၏။
ထိုအခိုက်မှာ နွေးရုံ ရေနွေးအိုးက ရုတ်တရက် ဆူပွက်လာသလို လူတိုင်း၏ အမြင်များ သံသယများက မြင့်တက်လာပြီး တဟူးဟူး ပန်းထွက်လာသည်။
ထိုစဉ် သေးငယ်သော ပုံရိပ်လေးက မည်သူမျှ သတိမပြုမိခင် ကြောက်နက်လေးကို ချီ၍ အသာထွက်လာသည်။
လူဝေဂျိုင်က ဒီလောက်ကြီး မတုံးအဘူးပဲ၊ လေညင်းကျောင်းတော်က အပြစ်မှန်သမျှကို သူ့အပေါ် ပြတ်ပြတ်သားသား ထိုးချတာကို ခွင့်ပြုမည့်အစား, သူက အရာရာကို ဖော်ထုတ်ပြီး နည်းလမ်းတကျ ဒေါသအိုးကို ဖောက်ခွဲပစ်ခဲ့သည်။ သူ့ကို ထိုးချခဲ့သော စွပ်စွဲခြင်းမှန်သမျှကို သူ ရှင်းလင်းသွားခဲ့သည်။