၆၀၀။ ၇ခုမြောက် ရိုက်ချက်-၇

564 51 0
                                    

၆၀၀။ ၇ခုမြောက် ရိုက်ချက်-၇

ကျုပ်တို့ စကားကို ပြန်လည် ရုတ်သိမ်းတယ်လို့ ခံစားရတာ ဘယ်လို အကြောင်းကြောင့်ပါလဲ ဖန်ချီက နောက်တစ်ကြိမ် ချွေးပြန်လာတာကို သုတ်ပစ်လိုက်ရသည်။

ဂျန်ဝုရှီ၏ အေးစက်မာကျောသော မျက်လုံးများက လူအုပ်ကြီးအား ဝေ့ဝိုက်ကြည့်လိုက်သည်။ သူမက ဖန်ချီအား မည်သည့်စကားတစ်ခွန်းမျှ ပြန်မပြောတော့ပေ။ သူမအကြည့်က ရုတ်တရက် ရပ်တန့်သွားပြီး ကျောင်းသားအုပ်ကြီးထဲမှ လူတစ်ယောက်ကို စိုက်ကြည့်လိုက်သည်။

လောင်ချီ

သင့်ငယ်သားက အမိန့်ကို စောင့်ဆိုင်းနေပါတယ်။

သွား

ဟုတ်

လောင်ချီ၏ ရှင်းလင်းပြတ်သားသော အသံထွက်လာပြီးသည်နှင့် သူ၏ ခိုင်မာတောင့်တင်းသော ခန္ဓာကိုယ်ကြီးက ဝှီးခနဲ လူအုပ်ကြီးရှေ့ ရောက်လာသည်။ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာသည်။ လောင်ချီက လျှပ်စီးလို လျင်မြန်စွာ လူအုပ်ကြီးထဲမှ လူနှစ်ယောက်ကို ဆွဲဖမ်း၍ ဝှီးခနဲ ဂျန်ဝုရှီရှေ့သို့ ပြန်ရောက်သွားလေ၏။

ရုတ်တရက် လူနှစ်ယောက်၏ တအီအီ ငိုကြွေးသံ ထွက်ပေါ်လာသည်။ လောင်ချီက ထိုလူနှစ်ယောက်ကို ဂရုမစိုက်ဘဲ ဂျန်ဝုရှီ၏ ခြေထောက်နားသို့ ပစ်ချလိုက်သည်။ သူတို့ မထိန်းနိုင်မသိမ်းနိုင် တုန်ယင်သွားကြသည်။

အရုပ်များလို ပစ်ချခံရသော ထိုလူနှစ်ယောက်က တကယ်တော့ နင်ရှင်းနှင့် ယင်ယန် ဖြစ်သည်။ ခဏအတွင်းမှာ လောင်ချီကိုယ်တိုင် သူတို့ကို ဖမ်းယူပြီး ကျောင်းသားထုကြီး၏ အကြည့်များအောက်တွင် ပစ်ချခံရပြီး အရှက်ကွဲရလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ဖူးပေ။

နင်ရူက သူ့သမီးကို ဒီလိုမျိုး ဆက်ဆံခံရတာ မြင်ရလျှင် သူ့မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး နောက်တစ်ကြိမ် ရှေ့ထွက်လာသည်။

မမလေး ဂျန်, ဒါက ဘာသဘောလဲ။

ဂျန်ဝုရှီ၏ နှုတ်ခမ်းဖျားများက လှောင်ပြောင်လိုဟန်ဖြင့် ကော့တက်လာပြီး ပြောသည် ဘာသဘောလဲ ဟုတ်လား၊ ဒါ အရမ်း နာကျင်ရတယ်ဆိုတာ မသိသာဘူးလား၊ ရှင်တို့က တပည့်နည်းနည်းလောက် နှင်ထုတ်လိုက်တာနဲ့ ဒီကိစ္စကို ဖြေရှင်းပြီး ဖြစ်သွားမယ်လို့ တကယ်ကြီး ထင်နေကြတာလား၊ ပြီးတော့ ရှင်တို့က တကယ့် ‌နောက်ကွယ်က ကြိုးကိုင် ခြယ်လှယ်သူကို ဗြောင်ကျကျ ဖုံးကွယ်ပေးထားကြတယ်ပေါ့၊ ကိစ္စတစ်ခုလုံးကို အကွက်ချ စီမံထားသူက ဒီမှာလေ၊ ဘာလဲ, ကျမတို့ ရူလင်းစစ်တပ်က ဟိုးအဝေးကြီးမှာ ရှိနေလို့ ဒီကိစ္စကို ဒီလောက် လွယ်လွယ်နဲ့ ပယ်ဖျက်ပစ်လို့ ရမယ်လို့ တကယ် တွက်ဆထားကြတာလား။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now