၉၀၅။ နန်းစောင့်တပ်(၂)
ဘုရင့်အမိန့်အောက်မှာ တိုက်ရိုက်တာဝန်ထမ်းဆောင်ရသော နန်းတွင်းတပ် စုစည်းလာရလောက်အောင် ထာဝရအမိုးခုံးတည်းခိုအိမ်အတွင်းမှ မည်သူက ပြစ်မှုကျူးလွန်သနည်း။ မည်သူမျှ မသိကြချေ။
ပို၍ အံ့အားသင့်စရာကောင်းတာက နန်းတွင်းတပ်၏ ဗိုလ်ချုပ်ဖြစ်သူ ယွမ်ပြောင်ကိုယ်တိုင် ရောက်ချလာခြင်းပင်။
ယွမ်ပြောင် ရောက်လာသဖြင့် ထိုနေ့ကိစ္စက ပြင်းထန်မှန်း လူတိုင်း သဘောပေါက်သွားကြသည်။
ဘုရင်ကြီး၏ အမိန့်အရ, လေညင်းကျောင်းတော်ရဲ့ တပည့်ဖြစ်သူ, ဂျန်ရှီက, ပြီးခဲ့တဲ့ ည, ညစာစားပွဲမှာ, ညစာစားပွဲမှ ထွက်ခွာသွားစဉ်မှာ, စတုတ္ထမင်းသားလေးကို နန်းတွင်းဥယျာဉ်ထဲမှာ ဒဏ်ရာအနာတရ ဖြစ်အောင် လုပ်ခဲ့တယ်၊ နန်းတွင်းတပ်က ပြစ်မှုကို ဖြေရှင်းဖို့ ပြစ်မှုကျူးလွန်သူကို ဖမ်းချုပ်ရန် အမိန့်ကို လက်ခံရရှိထားပါတယ်။
ယွမ်ပြောင်က မြင်းပေါ်မှ ခုန်ဆင်း၍ ဘုရင့်အမိန့်ကို ဖတ်ကြားလိုက်သည်။ အမိန့်စာပါ အရ, ဂျန်ရှီက လေ့ဖန်ကို သတ်ဖြတ်ဖို့ ကျူးလွန်ကြောင်း သံသယဝင်စရာပင် မရှိဆိုသည့် အချက်ကို ညွှန်းဆိုထားသည်။
ထိုအခိုက်မှာ သိချင်စိတ်ဖြင့် ဝိုင်းအုံလာကြသော လူအုပ်ကြီးက အလွန်အမင်း အံ့အားသင့်သွားကြသည်။
စတုတ္ထမင်းသားလေးက မင်းလေးလေးပါးထဲတွင် ဘုရင်ကြီး အချစ်မြတ်နိုးဆုံးသူ ဖြစ်သည်။ ဘုရင်ကြီး၏ အချစ်ကို ခံယူရရုံတင် မကဘဲ မိဖုရားကြီး၏ အကာအကွယ်ကိုလည်း ရရှိထားသူ ဖြစ်သည်။ စတုတ္ထမင်းသားလေးက အိမ်ရှေ့စံရာထူး မရရှိတာက လွဲလို့ ဘုရင် အမြတ်နိုးဆုံး အချစ်တုံးဆိုတာကို ပြောပြနေပြီ ဖြစ်သည်။ ထိုကဲ့သို့သော မင်းသားကို အတင့်ရဲစွာ ထိခိုက်နာကျင်စေသူ တစ်စုံတစ်ယောက် ရှိနေပြီး တခြားနေရာမှာ မဟုတ်ဘဲ နန်းတွင်းမှာပင် အပြစ်ကျူးလွန်လိမ့်မည်ဟူ၍ မည်သူ တွေးထင်မိမည်နည်း။
လူအုပ်ကြီးက အလျင်အမြန် တသောသော ပြောဆိုလာကြသည်။
ဒုတိယထပ် ပြူတင်းပေါက်ဘေးတွင် ရပ်နေသော ကျောက်ချူက ယွမ်ပြောင် ဖတ်ပြသော စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း ကြားရသည်။ သူကြားရတာကို မယုံကြည်နိုင်သဖြင့် သူက မျက်လုံးပြူးကာ ဂျန်ဝုရှီကို လှည့်ကြည့်လိုက်သည်။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)