၃၂၃။ “ပိုက်ကွန်ကို ရစ်သိမ်းခြင်း - ၂”
တိမ်ဖုံးတောင်ထွတ်အတွင်း, ကျောက်ချူက ထိုင်ခုံပေါ်တွင် သက်သောင့်သက်သာ ထိုင်နေသည်။ သူ့ခြေထောက်များကို အမူမထားဟန်ဖြင့် ချထားသည်။ သူက ကြောင်နက်လေးကို ယုယနေသည့် ဂျန်ဝုရှီကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက သဘောကျနေသဖြင့် တလက်လက် ဖြစ်နေသည်။ “ရှီလေး, ဒီလုပ်ရပ်က မယုတ်မာလွန်းဘူးလား၊ မင်းက အဲအလောင်းတွေကို သူတို့ တောင်ထွတ်ကို တကယ် ပြန်ပို့လိုက်တာပဲ၊ သူတို့ အကြီးအကဲတွေ မြင်လိုက်တာနဲ့, သူတို့ တကယ့်ကို ရူးသွပ်သွားမှာပဲ။”
သူတို့ တပည့်တွေကို သူတို့ဆီမှ အတင်းအကျပ် ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် ရက်အနည်းငယ်အကြာမှာ သေဆုံးသွားကြသည့် ထိုတပည့်များကို သူတို့နှင့် သက်ဆိုင်သည့် တောင်ထွတ်များသို့ ပြန်ပို့လိုက်သည်။ တကယ်ပင် သည်းမခံနိုင်သည့် လုပ်ရပ်ဖြစ်နေသည်။ ထို့ပြင် အလောင်းအသီးသီးတွင် “ခဲချန်ဂျု”ဆီမှ ဟူ၍ စာရေးပေးလိုက်သေးသည်။
စာတွင်, စာလုံးအနည်းငယ်သာ ပါဝင်သည်။ “မင်းတို့ တပည့်တွေကို မှန်မှန်ကန်ကန် ပြန်ပို့လိုက်တယ်၊ နောက်ထပ်လည်း ငါ ပြန်လာအုံးမယ်”ဟူ၍ ဖြစ်သည်။
ထိုစကားလုံး အနည်းငယ်က တကယ်ပင် မာန်ထောင်လွန်းနေသည်။ ၎င်းစာလုံးများမှ ဆိုလိုချက်က လုံးလုံး စက်ဆုပ်ရွံ့ရှာဖွယ် ဖြစ်နေသည်။ ထိုစာဖတ်ပြီးသွားလျှင် အကြီးအကဲများက တည်ငြိမ်နိုင်ကြမည် မဟုတ်တော့ပေ။ ကျောက်ချူသည်ပင် ၎င်းစာကို ဖတ်ပြီးလျှင် ဂျန်ဝုရှီကို ထိုးနှက်ပစ်ချင်လာသည်။
ထိုစာက မည်သူ့အတွက်မဆို သည်းမခံနိုင် ဖြစ်စေမည်သာ။ သူတို့ တပည့်များ၏ ခန္ဓာကိုယ်များက သနားစဖွယ်အနေအထားဖြင့် ပျက်ယွင်းနေကြပါလျက် ဂျန်ဝုရှီက “မှန်မှန်ကန်ကန် ပြန်ပို့လိုက်တယ်”လို့ အသားယူလိုက်သေးသည်။ ထို့ပြင် “ငါ ပြန်လာအုံးမယ်”လို့လည်း ပြောလိုက်သေးသည်။ ၎င်းစကားများက စာဖတ်မိသည့် အကြီးအကဲများကို နေရာမှာတင် တက်သေသွားစေနိုင်သည်။
