၃၂၉။ “ခြောက်ခုမြောက် ရိုက်ချက် - ၁”
သည်တစ်ချိန်လုံး တိတ်ဆိတ်စွာ ထိုင်နေသည့် မုချန်က မည်သူမျှ မသိအောင် ဂျန်ဝုရှီနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ မုချန်က မတ်တပ်ရပ်၍ ပြောသည် “အဓိပတိ, ငါ မေးပါရစေ, ငါတို့ တောင်ထွတ်အသီးသီးက အကြီးအကဲတွေ မင်းအပေါ် မသင့်တော်တာတွေ မလုပ်မိစေဖို့ မင်းက သတိထား ကာကွယ်နေခဲ့တယ်၊ မင်းရည်ရွယ်ချက်က အကြီးအကဲတွေရဲ့ ဩဇာအာဏာကို ကျဆင်းစေဖို့ ပျောက်ကွယ်သွားစေဖို့ ဆိုရင်, မင်း ဒီလို နည်းလမ်းတွေကို သုံးနေစရာ မလိုပါဘူး၊ မင်းက အဓိပတိပဲလေ၊ မင်းစကားက ဥပဒေပဲ၊ မင်းစကားတစ်ခွန်းထဲနဲ့တင် အကြီးအကဲတွေကို ပျောက်ကွယ်သွားအောင် လုပ်ဖို့ လုံလောက်နေတာပဲလေ။”
မုချန်၏ စကားက တခြားအကြီးအကဲများနှင့် တစ်သဘောတည်း ဖြစ်သွားသည်။ သူ့စကားများက အကြီးအကဲများကို သတိပေးရာရောက်ပြီး သူတို့ တပည့်တွေကို သေစေခဲ့သည့် ဖြစ်ရပ်များကို ယူဆောင်လာခဲ့သည့် ချင်ယွဲ့၏ အပြစ်ကို ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။
ချင်ယွဲ့က နောက်ထပ် ရန်ဘက်တစ်ယောက်နှင့် ရင်ဆိုင်လာရပြန်သည်။ လူအားလုံးက သူ့ကို ကျရှုံးသွားအောင် လုပ်ဆောင်နေကြသည်။
တခြားအကြီးအကဲများကလည်း စကားပြောဖို့ အခွင့်အလမ်းကို ချောင်းနေကြသည်။ သူတို့က ချင်ယွဲ့အား သတိပေးတားမြစ်စကားများကို ပစ်သွင်းလိုကြသည်။
ချင်ယွဲ့ဆိုတာ မည်သူနည်း။ ချင်းယန်ကလန်ကို သူ့လက်ထဲ ရောက်အောင် မည်သို့ လုပ်ဆောင်ခဲ့သနည်း၊ မရှင်းလင်းပေ။ သို့သော် အကြီးအကဲများက ၎င်းကိစ္စက တကယ်ဖြစ်ခဲ့သည်ဟူ၍ ကောင်းကောင်း မှန်းဆထားကြသည်။
သူက အာဏာကို လွန်လွန်မင်းမင်း မက်မောသူ, ကိုယ့်ဆရာကို ကိုယ်တိုင် သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ ထိုလိုလူစားမျိုးက သူ့အောက်မှ အကြီးအကဲများကို ဩဇာအာဏာ ပျောက်ဆုံးသွားအောင် တကယ်ပင် အကွက်ချစီမံနိုင်သည့် လူဖြစ်သည်။
