၅၀၁။ "ဆက်တိုက်ရိုက်ချက်၊ စတုတ္ထပုံစံ-၁"

668 49 0
                                    

၅၀၁။ ဆက်တိုက်ရိုက်ချက်၊ စတုတ္ထပုံစံ-၁

နောက်ဆုံးတော့ သူမက မိန်းမငယ်လေးသာ မဟုတ်လော၊ သူမ၏ အကိုများအနေဖြင့် သူတို့၏ ညီမငယ်လေး စိတ်မချမ်းမမြေ့ ဖြစ်နေတာကို သူတို့ ခွင့်ပြုကြမည် မဟုတ်ပေ။

ငါတို့ ရေဝိညာဉ်မြက် ရှာပြီးရင် ကျောက်ချူရဲ့ ရိုလီကို ခေါ်ထုတ်ပြီး အားပါးတရ ဖက်ပေါ့၊ မဟုတ်ဘူးလား ဟွာယောင်းက အကြံပေးသည်။ သူက ဂျန်ဝုရှီ၏ အားနည်းချက်ကို ကိုင်လိုက်ခြင်း ဖြစ်သည်။

မျှော်လင့်ထားသလိုပင် ရိုလီနာမည်ကို ပြောလိုက်သည်နှင့် ဂျန်ဝုရှီမျက်လုံးများ လင်းလက်လာသည်။ သူမက ခေါင်းငဲ့၍ ဟွာယောင်း၏ အကြံပြုချက်ကို ပျော်ရွှင်စွာ သဘောတူပြီး ပြတ်ပြတ်သားသား ခေါင်းညိတ်ပြသည်။

ဟွာယောင်း ပြောစရာစကားမဲ့သွားရသည်။ သူက ဂျန်ဝုရှီကို အုပ်စုနှင့် အတူ ပါဝင်နစ်မြောစေလိုက်သည်။

သူတို့အုပ်စုက ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်ဖြင့် လှုပ်ရှားကြသည်။ သို့သော် သူတို့၏ ပျော်ရွှင်ခြင်းရပ်ဝန်းကို ပျက်စီးစေသော တစ်စုံတစ်ယောက် ရောက်ရှိလာလေ၏။

လူဝေဂျိုင်နှင့် သူ့အဖွဲ့က နင်ရှင်းထွက်ခွာသွားပြီးနောက် ထိုနေရာမှာပင် ကျန်ရစ်ခဲ့သည်။ သူတို့က ပွပေါက်အချီကြီး ရရှိဖို့ စောင့်ဆိုင်းနေကြသည်။ လိပ်ပြာသားရဲကြီး၏ မာန်ဖီဟိန်းဟောက်သံ ရပ်စဲပြီးနောက် အတော်ကြာသည်အထိ သူ စောင့်ဆိုင်းနေသည်။ ထို့နောက် သူက သတ္တိမှန်သမျှ စုစည်းပြီး တိုက်ပွဲဖြစ်ခဲ့ရာသို့ လှုပ်ရှားလိုက်သည်။ သို့သော် သူ လဝိညာဉ်ရေကန်သို့ ရောက်လာချိန်မှာ ဂျန်ဝုရှီတို့ အဖွဲ့နှင့် ရုတ်တရက် ပက်ပင်းတိုးလေ၏။

အကိုကြီးလူ, အဲဒါ သူတို့ပဲ မျက်စိထက်သော ကျောင်းသား တစ်ယောက်က တစ်ချက်တည်းဖြင့် လောင်ချီနှင့် သူ့လူများကို မြင်သွားသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ဖန်ဂျင်နှင့် လေညင်းကျောင်းတော်ဝတ်စုံများ ဝတ်ဆင်ထားသော တခြားကျောင်းသား များကိုလည်း ခွဲခြားမြင်လိုက်သည်။

လူဝေဂျိုင် တောင့်တင်းသွားလေ၏။ လောင်ချီနှင့် သူ့လူများက တိုက်ပွဲမှ လွတ်လာမည်ဟု သူ မျှော်လင့်မထားမိပေ။ ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးနှင့် ရင်ဆိုင်ရလျှင် တစ်ခုတည်းသော ရလဒ်က ပျက်စီးခြင်းပင်။ ရှောင်လွှဲမရပေ။

ပါရမီရှင်သမားတော်(၂)Wo Geschichten leben. Entdecke jetzt