၈၁၅။ မောင်းမဆောင်အတွင်း လျှို့ဝှက်ရှုပ်ထွေးမှု (၁)

413 37 0
                                    

၈၁၅။ မောင်းမဆောင်အတွင်း လျှို့ဝှက်ရှုပ်ထွေးမှု (၁)

ဒီကိစ္စမှာ ရှေ့နောက် မညီညွတ်တာတွေ ရှိနေသေးပေမဲ့, အမှန်တရားနဲ့တော့ သိပ်မဝေးလှပါဘူး။အခြေအနေတစ်ရပ်လုံးကို သူမ၏ သုံးသပ်ချက်က အတော် သေချာကြောင်း ဂျန်ဝုရှီ သိသည်။ သူမက ကောလာဟလများနှင့် လေ့ချန်၏ မနေ့က ထုတ်ဖော်ပြောကြားချက်များမှ သုံးသပ်ထားခြင်း ဖြစ်သည်။

ဒီကိစ္စအတွက် နောက်ဆုံး အဖြေရရှိဖို့ လေ့ချန်ကို သူကိုယ်တိုင် ပြောထွက်အောင် လုပ်ရမှာပေါ့၊ ပြီးတော့ ငါတို့ကို ပွင့်ပွင့်လင်းလင်း ပြောထွက်အောင်လည်း လုပ်ရမှာပေါ့၊ ဒါက သူနဲ့ ငါတို့ မိတ်ဖွဲ့မှ ဖြစ်လိမ့်မယ်။ ဂျန်ဝုရှီက လက်ဖက်ရည်ခွက်ကို ပြန်ချရင်း ပြောသည်။

ဖန်ဇို ခေါင်းညိတ်လိုက်သည်။ ဒါ့ကြောင့် မင်းက အရင်ဆုံး သူ့ကို မြှားဖို့ နောက်ဆုတ်ဟန် လုပ်လိုက်တာပေါ့၊ ပြီးတော့မှ သူ့ကို မိတ်ဖွဲ့ဖို့ ဖိအားဖြစ်စေလိုက်တာပေါ့။

မနေ့က အဖြစ်အပျက် ပြီးသည့်နောက် ဂျန်ဝုရှီက လေ့ချန်နှင့် အဆက်ဖြတ်ဖို့ စဉ်းစားခဲ့သည် မဟုတ်ပေ။ မြေပုံကို ရှာဖွေဖို့ သူတို့အတွက် ဖြစ်နိုင်ချေက လေ့ချန်နှင့် ဆက်တွဲသွားခြင်းသာ ဖြစ်သည်။ သူမ ပြောသမျှ စကားတိုင်းက လေ့ချန်ကို အသဲညှာ ဆွဲကိုင်လိုက်ခြင်းသာ ဖြစ်သည်။ လေညင်းကျောင်းတော် မပါဘဲ သူ မည်သည့်အရာမျှ မလုပ်နိုင်ကြောင်းကို မြင်အောင် ပြသလိုက်ခြင်းပင် ဖြစ်သည်။

ခဏအကြာမှာ လေ့ချန်က အဆောတလျင် ပြန်ရောက်လာသည်။ သူ ပြန်လာလျှင် သေတ္တာလေးတစ်ခုကို သူ ကိုင်လာသည်။

အဲဒါ ဘာလဲ ရောင်းရူက မေးလိုက်သည်။

လေ့ချန်၏ မျက်နှာမှ အပြုံးက ပျောက်ကွယ်သွားသည်။ သူက သေတ္တာလေးကို ဖွင့်၍ အတွင်းရှိ အရာဝတ္ထုကို ပြသလိုက်သည်။ ၎င်းက သွေးစာ ဖြစ်သည်။ သွေးစာလုံးများကြောင့် သူတို့ မျက်လုံးများပင် နီရဲသွားရသည်။ ၎င်းသွေးစာကို သူက ဂျန်ဝုရှီတို့ ရှေ့သို့ ချပြလိုက်သည်။

ဂျန်ဝုရှီက ၎င်းစာကို ကြည့်ပြီး သူမမျက်လုံးများ မချိုမချဉ် ဟန်ပန် ပေါ်လာသည်။

ပါရမီရှင်သမားတော်(၂)Opowieści tętniące życiem. Odkryj je teraz