၂၃၈။ "စတုတ္ထရိုက်ချက် - ၆"

1.1K 84 1
                                    

၂၃၈။ “စတုတ္ထရိုက်ချက် - ၆”

“နင် ငါ့ကို သတ်လို့ မရဘူး၊ ငါက ချင်းယန်ကလန်အဓိပတိရဲ့ အကြီးဆုံး သမီးပဲ၊ နင် ငါ့ကို သတ်ရဲရင်, ငါ့အဖေက နင်တို့အားလုံးကို လွှတ်ပေးမှာ မဟုတ်ဘူး၊ ပြီးတော့ ချင်းယန်ကလန်က နင်တို့ ချီတိုင်းပြည်တစ်ခုလုံးကို ပျက်သုန်းအောင် လုပ်လိမ့်မယ်။” ချင်ယုယန်က လက်ကျန် မာနကို ဖျစ်ညှစ်ထုတ်၍ ပြောလာသည်။

သူမက ဂျန်ဝုရှီကို စူးစိုက်ကြည့်နေသည်။ သူက ကြောက်ရွံ့ ထိတ်လန့်နေသော်လည်း အားတင်း၍ ဖုံးကွယ်ထားသည်။ သို့သော် ပလ္လင်လက်ရန်းများကို ဆုပ်ကိုင်ထားသည့် သူမ လက်များက သစ္စာဖောက် သွားကြလေပြီ။ လက်များက တုန်ယင်နေပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား သဖြင့် ဖြူရော်နေလေ၏။

ဂျန်ဝုရှီက မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။ သူမက ချင်ယုယန်နှင့် အရင်က မည်သည့် တိုက်ရိုက် ချိတ်ဆက်မှုမျှ မရှိခဲ့ပေ။ သို့သော် သူမ၏ ခြိမ်းခြောက်မှုက အရင် ဘိုင်ယန်ရှင်းအန်နှင့် တစ်ထေရာတည်းပင် ဖြစ်နေသည်။

အရင်ကမြင်ကွင်းကို ပြန်လည် မြင်ယောင်၍ ဂျန်ဝုရှီက ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ပုန်းကွယ်နေသည့် ဘိုင်ယန်ရှင်းအန်ကို စောင်းငဲ့ကြည့်လိုက်သည်။ ဘိုင်ယန်ရှင်းအန်က သူမ သတိမပြုမိအောင် အကောင်းဆုံး ပုန်းကွယ်နေခြင်း ဖြစ်သည်။ ဂျန်ဝုရှီ၏ စူးစိုက်ကြည့်လိုက်ခြင်းက ဘိုင်ယန်ရှင်းအန်အား ဘန်းခနဲ ဒူးထောက်ကျသွားစေသည်။

ချင်းယန်ကလန်က လွဲလို့ သူတို့ ပြောစရာစကားလုံး အသစ်မရှိတော့ဘူးလား။

“သူမကို ခေါ်လာခဲ့” ဂျန်ဝုရှီက အသာအယာ ပြောသည်။

အမူးသမား ကြာပန်းက ပလ္လင်ရှိရာသို့ ခုန်ဝင်သွားသည်။ ချင်ယုယန်၏ လည်ချောင်းမှ အော်ဟစ်သံက ရုတ်ချည်း ထွက်ပေါ်လာသည်။

အလိုလိုက်ခံထားရသော ချင်ယုယန်က အမူးသမား ကြာပန်း၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။ ချက်ချင်းပင် ချင်ယုယန်ကို ဗြုန်းခနဲ ဆံပင်ကို ဆောင့်ဆွဲ၍ ပလ္လင်ပေါ်မှ ဆွဲချပြီး ဂျန်ဝုရှီ ရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora