၈၇၂။ မျက်နှာဖြတ်ရိုက်ခြင်း-ကိုးခုမြောက်ပုံစံ(၂)

254 25 0
                                    

၈၇၂။ မျက်နှာဖြတ်ရိုက်ခြင်း-ကိုးခုမြောက်ပုံစံ(၂)

သို့သော်ငြား ဂျန်ဝုရှီအား နည်းနည်းလေးမျှ ခြိမ်းခြောက်လို့ မရပေ။ သူမက တည်တည်ငြိမ်ငြိမ်ဖြင့် ဖန်ယွီယန်ကို လှည့်ကြည့်လိုက်သည်။

ဆရာကြီးဝမ်, ရှင် ချူလင်းယွဲ့ကို အခု ‌နောက်တစ်ကြိမ် သွေးကြောစမ်းနိုင်ပြီ။

ရှုံးဘက ဂျန်ဝုရှီကို စူးစူးရဲရဲ ဆက်ကြည့်နေသည်။ သူမ ဘာလုပ်လိုက်သလဲဆိုတာကို သူ မသိပေ။

ဖန်ယွီယန်က အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ခဏလောက် တွန့်ဆုတ်ကာ ချူလင်းယွဲ့ဆီ ဖြည်းညင်းစွာ သွား၍ နောက်တစ်ကြိမ် သွေးကြောစမ်းလိုက်သည်။

ငါတို့ သခင်မလေးသာ ကံမကောင်းအကြောင်းမလှ ဖြစ်သွားရင်, မင်း ကလေးမလေး ဖြစ်နေပါစေ, မင်းကို ပြန်ပေးဆပ်ခိုင်းမယ် ရှုံးဘက ဂျန်ဝုရှီကို ဒေါသတကြီး စူးစူးရဲရဲ ကြည့်လိုက်သည်။ သူ့မျက်လုံးများက ရက်ရက်စက်စက် သတ်ဖြတ်လိုဟန် ပေါက်နေသည်။

သို့သော် ၎င်းသတ်ဖြတ်လိုသော အကြည့်က ဂျန်ဝုရှီအား နည်းနည်းလေးမျှ ဖိအားမပေးနိုင်ချေ။ သူမက အေးစက်စက် ပြန်ပြောသည် ရှင် အဲသလို လုပ်ဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်ဘူး။

ခန်းမသခင်ရှုံး, အဲကောင်မလေးက ခင်ဗျားမျက်စိရှေ့မှာတင် မမလေးချူအပေါ် လှုပ်ရှားရဲတယ်၊ သူမမှာ ဘယ်လို ရည်ရွယ်ချက် ရှိနေမလဲဆိုတာ ဘယ်သူ သိနိုင်ပါ့မလဲ သမားတော်ကြီးလီက စိုးရိမ်တကြီး ရှေ့သို့ တက်လာသည်။ သူက လျှို့လျှို့ဝှက်ဝှက်ဖြင့် လေ့ချန်ကို ခိုးခိုး ကြည့်နေသည်။

အဲနေ့တုန်းက, ဒီကောင်မလေးက မာနထောင်ပြီး မထီတရီလုပ်ခဲ့သေးတယ်၊ ကျနော်တို့ သူမနဲ့ အကြာကြီး ငြင်းခုံခဲ့ရတယ်၊ ဒါပေမဲ့ အရှင့်သားက မရမကပြောခဲ့တာကြောင့် မမလေးချူကို ကုသဖို့ သူမကို ကျနော်တို့ ခွင့်ပြုပေးခဲ့ကြရတယ်၊ ကျနော်တို့က သမားတော်မျှသာ ဖြစ်လို့ တားမြစ်ကန့်ကွက်နိုင်တဲ့ စွမ်းအား ကျနော်တို့မှာ မရှိဘူး။

အရှင့်သားအိမ်ရှေ့စံ ပြောတာ ကျနော်တို့ ကြားခဲ့ရတယ်၊ မမလေး ဂျန်က ချီတိုင်းပြည် လင်းအိမ်တော်ရဲ့ သခင်မလေးဖြစ်တဲ့ ဂျန်ဝုရှီပါတဲ့၊ တစ်လောကလုံး သိထားကြတာက လင်းအိမ်တော်က ဆေးပညာကို မတတ်ကျွမ်းဘူးဆိုတာကိုပဲ၊ ဒါ့ကြောင့် မမလေးဂျန်ရဲ့ ရည်ရွယ်ချက်က တကယ် သံသယဝင်စရာပဲ၊ သူမ မမလေးချူကို တကယ် ထိခိုက်အောင် မလုပ်ဘူးလို့ အာမခံလို့ မရဘူး။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now