၆၆၆။ သေမင်းနယ်မြေ (၁)
အဆိပ်မြူထုကို ကြောက်စရာ မလိုတော့သဖြင့် သူတို့ ရှေ့ဆက်ဖို့ စိုးရိမ်ပူပန်စရာ တစ်ခု လျော့ပါးသွားသည်။
သူတို့ ခြေထောက်အောက်ရှိ အရိုးကုန်းမြေက တစ်ခွင်တပြင်ပင်။ သူတို့ ရှေ့ဆက်တိုးသည်နှင့် အရိုးများက ပါးလျလာသည်။ ရေခဲအောက်တွင် ပိတ်ဆီးခံရသော စစ်သည်များ၏ လက်နက်များက ဝိညာဉ်မီးလုံးကြောင့် ရောင်ပြန်ဟပ်နေတာကို သူတို့ မြင်နိုင်ကြသည်။ အလင်းရောင်အောက်တွင် ရေခဲပြင်က တဖျတ်ဖျတ် လင်းလက်နေသည်။ သူတို့ ရှေ့ဆက်သွားသော လမ်းကြောင်းတောက်လျောက် အေးစက်စက် ကြယ်အလင်းပြင်ကြီးလို ရောင်ပြန်ဟပ်လျက် ရှိသည်။
ချောက်နက်အောက်ခြေတွင် ကြောက်စရာအကောင်းဆုံးက မြူထုနောက်ကွယ်တွင် ပုန်းကွယ်နေသော ပုံမှန်မဟုတ်သော အရာများဟူ၍ မုကွိုင်ဖန်က သူတို့ကို ပြောပြထားသည်။
မကြာခင်တွင် ရေခဲဖုံးထားသော အရိုးများက တဖြည်းဖြည်း ပါးထွက်သွားသည်။ သူတို့ရှေ့ရှိ နယ်မြေက ပြောင်းလဲသွားသည်။ မြေပြင်ကို ရေညှိများ လုံးဝ ဖုံးအုပ်ထားသည်။ ဝိညာဉ်မီးလုံးက သူတို့ ပတ်ပတ်လည် မီတာတချို့အထိ အလင်းရောက်သည်။ မုကွိုင်ဖန်က ပြီးခဲ့သည့်အခေါက်တွင် ဝိညာဉ်မီးလုံးကို အသုံးမပြုခဲ့ပေ။ သူတို့ သုံးစွဲသော အလင်းရောင်က လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူတို့ ရှေ့လောက်ကိုတော့ မြင်နိုင်ကြသည်။
ဝိညာဉ်မီးလုံး၏ အလင်းရောင် ရောက်ရှိသမျှ နေရာတိုင်းကို ဂျန်ဝုရှီ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ဒါက ၎င်းမီးလုံး၏ အားသာချက် ဖြစ်သည်။
စိမ်းမြမြ ရေညှိများက ကြီးထွား၍ အလျှံပယ်ဖြစ်နေသည်။ ၎င်းရေညှိများက မြေပြင်တစ်ခုလုံးကို ပိတ်ပိတ်သည်းသည်း ဖုံးအုပ်ထားသည်။ ရေညှိများက လမ်းကြောင်းကို ချောကျိကျိ ဖြစ်စေသည်။ သူတို့ ခြေလှမ်းတိုင်း ချော်လဲမကျစေရန် အစွမ်းကုန် သတိထားကြရသည်။
ဂျန်ဝုရှီက နန်ချပ် (သုံးဆစ်ချိုး) တုတ်ကို ထုတ်ယူသည်။ ၎င်းတုတ်ကို သစ်သားဖြင့် ပြုလုပ်ထားပြီး အလွန်ပေါ့ပါးသည်။ သံကွင်းတိုဖြင့် လုပ်ထားသော ချိတ်ဆက်နှစ်ခု ပါရှိသည်။ ၎င်းချိတ်ဆက်များကို ဆက်လိုက်လျှင် သာမန် သစ်သားတုတ် ဖြစ်သွားသည်။
