၂၉၄။ "အစားထိုးခြင်း - ၃"

941 78 0
                                    

၂၉၄။ “အစားထိုးခြင်း - ၃”

“ဒီမိစ္ဆာကောင် ခဲချန်ဂျုကတော့ကွာ, တကယ် သေဖို့ ကောင်းတဲ့ကောင်ပဲ။” ကျောက်ချူက ဒေါသကို ချုပ်တည်းရင်း ပြောသည်။

သူတို့ သုံးယောက်က အခန်းထဲသို့ ဝင်သွားကြသည်။ ဟွာယောင်းက ဗီရိုထဲမှ သန့်ရှင်းသည့် အဝတ်တစ်စုံကို ယူလဲလိုက်သည်။ ခဲချန်ဂျုမှာ အနက်ရောင် အဝတ်အစားများသာ ရှိသည်။ သူ့စိတ်ကြိုက် တစ်စုံတစ်လေကိုပင် မတွေ့ရချေ။

ခဲချန်ဂျု၏ စာကြည့်ခန်းတွင် ဆေးစာအုပ်ပေါင်း များစွာ ရှိသည်။ စာအုပ်အစုပ်ကစပြီး ပြန့်ကျဲနေကြသည်။ စာအုပ်အားလုံးကို လှန်လှောကြည့်ထားပုံပင်။ စုပ်သည်အထိ လှန်လှောထားသည့် စာအုပ်အများစုက အဆိပ်စာအုပ်များ ဖြစ်ကြသည်။ ဂျန်ဝုရှီက ၎င်းစာအုပ်များကို ခပ်မြန်မြန် လှန်ကြည့်၍ ထောင့်မှာ ပုံထားလိုက်သည်။

“ဒီတော့ အကိုဟွာက အသံကိုလည်း ပြောင်းနိုင်တာပေါ့၊ ငါ ဒီအကြောင်းကို အခုမှ သိရတော့တယ်။” ကျောက်ချူက ထိုင်ခုံတွင် ထိုင်၍ ပြောသည်။ သူက အစောပိုင်း ဟွာယောင်း၏ အသံက ခဲချန်ဂျုနှင့် တစ်ထပ်တည်း တူတာကို အမှတ်ရလိုက်သည်။

ဟွာယောင်းက သူ့အား အဖြေ ပြန်မပေးဘဲ ဂျန်ဝုရှီသို့ လှည့်ကာ မေးသည် “မင်း နောက် လုပ်ချင်တာ ဘာလဲ။”

ဂျန်ဝုရှီ၏ ရည်ရွယ်ချက်က သူတို့နှင့် ဆန့်ကျင်ဘက် ဖြစ်မနေပေ။ သို့သော် သူတို့က အခုထိ ခြားနားချက် ရှိနေဆဲပင်။

“ဘာလို့ နင်တို့ရည်ရွယ်ချက်ကို ငါ့ မပြောကြတာလဲ။” ဂျန်ဝုရှီက ပြန်လျှောက်လာကာ ကုလားထိုင်တွင် အသာအယာ ထိုင်သည်။ သူတို့နှင့် ပူးပေါင်းခြင်းက အတော်ချောမွေ့နေတာကို သူမက ခံစားမိသည်။

ဟွာယောင်းနှင့် ကျောက်ချူက အချင်းချင်း ကြည့်၍ နောက်ဆုံးတွင် ဟွာယောင်းက ပြောလာသည် “ငါတို့က မြေပုံတစ်ချပ်ကို လာရှာတာ။”

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ