၆၇၈။ မိုးကောင်းကင်အဆုံး ချောက်နက်မှ ပြန်ထွက်ခြင်း (၃)
ကျောက်ချူနှင့် တခြားသူများက ကျောက်တုံးအိမ်သို့ တဖြည်းဖြည်း တစ်လှမ်းချင်း ချည်းကပ်လာကြသည်။ သူတို့ ကျောက်တုံးအိမ် တံခါးသို့ ရောက်ခါနီး အချိန်မှာ....
ထူ၍ လေးလံသော ကျောက်တုံးတံခါးက ဖြည်းဖြည်းချင်း ပွင့်လာသည်။
တစ်ချိန်တည်းမှာပင် ကျောက်ချူတို့က သူတို့၏ ဝိညာဉ်စွမ်းအားကို ခရမ်းရောင်အဆင့်သို့ မြှင့်တင်လိုက်ကြသည်။
သူတို့၏ ဝိညာဉ်စွမ်းအားများက ခရမ်းရောင် တောက်ပလာကြသည်။ သူတို့ လက်ဖဝါးမှာ စွမ်းအားများ စုစည်းလိုက်ကြသည်။ သူတို့က အိမ်အတွင်းသို့ ၎င်းစွမ်းအားများကို ပစ်သွင်းရန် ဟန်ပြင်လိုက်ကြသည်။
သို့သော်ငြား....
နူးညံ့သော အသွင်အပြင်ဖြင့် မျက်နှာလေး သူတို့ ရှေ့မှာ ပေါ်ထွက်လာသည်။ သူမ၏ ခန္ဓာကိုယ်က ခရမ်းရောင်ဝိညာဉ်စွမ်းအားဖြင့် တောက်ပနေပြီး သူတို့အားလုံးကို တည်ငြိမ်သော မျက်လုံးများဖြင့် စူးစိုက်ကြည့်သည်။
...........
ရုတ်တရက် တိတ်ဆိတ်သွားလေ၏။
ကျောက်ချူတို့၏ လက်ဖဝါးများတွင် အလျှံတညီးညီး တောက်လောင်နေသော မီးတောက်လို စုစည်းနေသော ဝိညာဉ်စွမ်းအားများက ရေအေးဖြင့် ပက်ဖျန်းလိုက်သလို တစ်စိုးတစိမျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားလေ၏။
ရှီ... ရှီလေး... ကျောက်ချူက အတော်ကြာကြာ တောင့်တင်းနေပြီး ရုတ်တရက် အသိဝင်လာသည်။ သူ စူးစိုက်ကြည့်နေတုန်းပင် ဖြစ်ပြီး ဇဝေဇဝါ ဖြစ်နေသည်။ သူတို့ ဂျန်ဝုရှီကို မမြင်ရတာ သိပ်မကြာသေးပေ။ ဂျန်ဝုရှီ၏ ခန္ဓာကိုယ်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသော ခရမ်းရောင်ဝိညာဉ်စွမ်းအားကို သူတို့ စူးစိုက် ကြည့်နေမိကြသည်။
(သူ့မျက်လုံးမှာ တစ်ခုခုများ မှားယွင်းနေသလား။)
(သူ့မျက်လုံးတွေက အစစ်အမှန်ကို တကယ် မြင်နေရတာလား။)
(ရှီလေးက ဘယ်လိုလုပ် ခရမ်းရောင်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်သွားရတာလဲ.... သူတို့ ကွဲကွာသွားတာ ဘယ်လောက် ကြာသေးလို့လဲ.... သူမက နတ်ဘုရားဖြစ်လျှင်တောင် ဒီလောက် မြန်မြန် ခရမ်းရောင် ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ....)
